အပိုင်း ၂၉၁/ အပိုင္း ၂၉၁

408 46 0
                                    

Unicode

အပိုင်း ၂၉၁ - စုမိသားစုအိမ်တော်သို့မုယွမ်ယောင်ဝင်ရောက်ခြင်း

ချင်းရှီလမ်းသို့ မြင်းရထားလုံးဝင်လာတာနဲ့ အသံ‌တွေ ရုတ်တရက်ရပ်သွားခဲ့သည်။ ခဏလောက်စောင့်ပြီးတဲ့နောက် အပြင်မှဝမ်မော့မော့ရဲ့အသံကိုကြားလိုက်ရသည်။

"စုမိသားစုအိမ်တော်သို့ရောက်ရှိပါပြီ သခင်မနဲ့သခင်မလေး"

အစေခံတစ်ယောက်က ခြေတင်ခုံကို ရွေ့‌ပေးပြီးသားဖြစ်သည်။ ကျင်းလန်နဲ့ကျင်းချောင်က ရထားလုံးရဲ့ဘေးတစ်ဖက်တစ်ချပ်ဆီမှာ ဆင်းရပ်ပြီး စုချင်နဲ့မုယွမ်ယောင်ကိုမြင်းရထားလုံးပေါ်မှဆင်းရန် ကူညီပေးသည်။

ဒီလမ်းက မြို့တော်ထဲရှိ အရာရှိများစွာနေသည့် လမ်းဖြစ်သည်။ သာမန်လူတန်းစား‌တွေနေခွင့်မရှိပေ။ လမ်းကကျယ်ပြီး လမ်းရဲ့‌ဘေးနှစ်ဖက်စလုံးမှာ ရောင်စုံအပင်တွေနဲ့ပြည့်နေသည်။ ဒီပတ်ဝန်းကျင်က အမြဲတိတ်ဆိတ်ပြီး ကျက်သရေအပြည့် ရှိနေသည်။

စုမိသားစု၏အိမ်‌တော်က မြောက်မှတောင်သို့မျက်နှာမူထားပြီး အဝင်ဝတွင် ခန့်ငြားစွာရပ်နေသော ခြင်္သေ့ရုပ်ထုကြီးနှစ်ခုရှိသည်။

အဝင်ဝ‌တွင်ရှိ‌သော မြင့်မားပြီး ခန့်ငြားထည်ဝါသည့် တံခါးမကြီးကို အနီရောင်ယွန်းတံခါးနှစ်ချပ်ဖြင့် တင်းကျပ်စွာပိတ်ထားပြီး ကြေးဝါသံမှိုတို့ဖြင့် အလှဆင်ထားသည်။ တံခါးတွင်‌လိပ်နှင့်‌မြွေများကို ကိုင်ထားပုံရတဲ့ကြေးကွင်းများ ချိတ်ဆွဲအလှဆင်ထားပြီး ကြေးကွင်းများကို ကိုင်ထားသောလိပ်နှင့်မြွေများကို ရက်စက်ကြမ်းတမ်းသောပုံဖော်ထားသည်။ တံခါးကိုလည်း အနည်းငယ် ပိုခမ်းနားစေသည့်အရောင် သုတ်ထားသည်။

ဘေးတံခါးပွင့်သွားတဲ့အခါ အစေခံတွေက ဝေါယာဉ်ကို သယ်ယူလာခဲ့သည်။ စုချင်နဲ့မုယွမ်ယောင်တို့ နှစ်‌ယောက်လုံးဝေါယာဉ်ပေါ်သို့ အသီးသီးတက်လိုက်ကြသည်။ တက်ပြီးသောအခါ ဝေါယာဉ်ကို အစေခံတွေက‌ဘေးတံခါးမှ စုမိသားစုအိမ်တော်ထဲသို့သယ်ယူလာကြသည်။ တစ်ဆယ့်ငါးမိနစ်လောက်ကြာတဲ့အခါ ဝေါယာဉ်ကိုအောက်ချလိုက်ကြပြီး တစ်ခြားအစေခံတွေနဲ့ အလှည့်ပြောင်းသယ်ယူကြသည်။ သုံးလေးခါလောက်အလှည့်ပြောင်းပြီး နောက်ဆုံးမှာတော့ တည်ငြိမ်စွာရပ်သွားခဲ့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now