အပိုင်း ၃၀၃/ အပိုင္း ၃၀၃

297 27 0
                                    

Unicode

အပိုင်း ၃၀၃- အမှောင်ထုကို လှည့်စားခြင်း

စုချင်းဝူ အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး မျက်လုံးတွေထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြတ်သွားပြီးနောက် ပြန်လည် ငြိမ်သက်သွားသည်။

“ဒါဆို သူမကို ကောင်းကောင်း ဂရုစိုက်ကြတာပေါ့။ ဘယ်လောက်ပဲ ကုန်ကျပါစေ ညီမမုန့်ရဲ့ ခြေထောက်မှာ အနာရွတ်တစ်ခုမှ မကျန်ခဲ့စေနဲ့”

“ဟုတ်ကဲ့”

“ယွီရီ၊ ညီမမုန့်ကို ပြန်ပို့ဖို့ တစ်ယောက်ယောက်ကို အခု စီစဉ်ခိုင်းလိုက်။ ဆက်ဖြစ်မယ့်ဟာ…”

“နပေါဦး”

အစေခံမိန်းကလေးနှစ်ယောက်က မုန့်ယန့်ရန်ကို အပြင်ဘက်ဆီ လမ်းလျှောက်ဖို့ ဖြည်းဖြည်းချင်း တွဲကူပေးပြီး သူမမျက်လုံးတွေထဲမှာ ကျေနပ်မှုအပြည့် ရှိလို့နေသည်။ သူမက မုယွမ်ယောင်ဆီ နှေးကွေးစွာ လျှောက်သွားပြီး လက်မြှောက်ကာ မုယွမ်ယောင်ကို ရက်ရက်စက်စက် ပါးရိုက်လိုက်သည်။

“ဖျန်း”

ဒီတစ်ခါ မုယွမ်ယောင်က မရှောင်ဘဲ ထိုအစား အားပြင်းတဲ့ ပါးရိုက်ချက်ကို ခံယူလိုက်သည်။ သူမရဲ့ ဖြူဖွေးနူးညံ့တဲ့ မျက်နှာက ချက်ချင်း နီမြန်းပြီး ရောင်ကိုင်းလာကာ သူမ ပုံပန်းသွင်ပြင်က အလွန်ထိတ်လန့်ဖွယ် ဖြစ်သွားသည်။

မုန့်ယန့်ရန်က နှုတ်ခမ်းထောင့်တွေကို ခပ်ရေးရေး ပင့်ချီပြီး ထပ်ရိုက်ဖို့ လက်ရွယ်လိုက်သည်။ မုယွမ်ယောင်က တဖြည်းဖြည်း မျက်လုံးပင့်ကြည့်လာတာကို တွေ့လိုက်ရသည်။ သူမမျက်လုံးတွေထဲက အပြစ်ကင်းစင်မှုက ပျောက်ကွယ်သွားပြီး အဆုံးမရှိတဲ့ အေးစက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပြည့်လာသည်မှာ သူမမျက်လုံးထဲ အနက်ရောင် ဝဲဂယက်တစ်ခု ပေါ်လာသည့်အတိုင်းဖြစ်သည်။ အေးစက်မှုက စိတ်ခြောက်ခြားစရာကောင်းလျက် မျက်စိတစ်မှိတ်အတွင်း လူတွေ ဝါးမျိုးနိုင်သည်ဟု ထင်ရလောက်သည်။

မုန့်ယန့်ရန် သူမမျက်လုံးထဲက အကြည့်ကြောင့် ကြောက်ရွံ့သွားပြီး နောက်ကို ခြေတစ်လှမ်း အမြန်ဆုတ်လိုက်ပြီး သူမနှလုံးက ပြင်းပြင်းထန်ထန် ခုန်လာသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now