အပိုင်း ၂၀၇/ အပိုင္း ၂၀၇

835 69 0
                                    

Unicode

အပိုင်း ၂၀၇

ယွဲ့ဝမ်က မုယွမ်ယောင်ကို ပဟေဠိဆန်စွာ ကြည့်နေပြီး ခံစားချက်အသင်္ချေက သူ့မျက်ဝန်းထဲမှာ အလျင်အမြန် ဖြစ်သန်းသွား၏။ သေချာကြည့်လိုက်မယ်ဆိုရင်တောင် အရိပ်အရောင်လေးကို မြင်လိုက်ရမှာ မဟုတ်ပေ။

ထိုသူ လှည့်ထွက်သွားတော့ မုယွမ်ယောင်က ပြတင်းပေါက်ပိတ်ပြီး စားပွဲပေါ်က ဓားမြှောင်ကို ဓားအိမ်ထဲ ထည့်လိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းအုံးအောက်ထားကာ အပေါ်ဝတ်ရုံကိုချွတ်ပြီး အိပ်ရာ‌ထဲဝင်လှဲနေသည်။

နာရီဝက်ကြာတော့ မအိပ်ချင်သေးတဲ့မျက်လုံးတွေ ပွင့်လာပြီး ဖိနပ်စီး၊ အပေါ်ဝတ်ရုံဝတ်ကာအပြင်ဘက်ထွက်လာခဲ့ပြီး နှင်းတွေထဲ ကျနေတဲ့ ရေခဲမီးအိမ်လေးကို ထုတ်ယူလိုက်သည်။

ရှေ့ရက်တွေထဲ နှင်းအတော်လေး ကျသွားတာမို့ ကျိုးပဲ့လွယ်တဲ့ ရေခဲမီးအိမ်လေးတောင် ဘာအထိအခိုက်မှမရှိပေ။ သူမက နှင်းပွင့်လေးတွေကို ဖယ်ရှားလိုက်ပြီး ရေခဲမီးအိမ်လေးကို ပြတင်းပေါက်ပေါ်တင်ပြီး ဖယောင်းတိုင်သေးသေးလေး ထည့်ထွန်းထားလိုက်သည်။

ဖရောင်းတိုင်မီးအောက်မှာ ရေခဲမီးအိမ်လေးက ပြစ်ချက်မရှိ ပိုပြီး ကြည်လင်တောက်ပလာ၏။

အခန်းအပူချိန်ကြောင့် ရေခဲမီးအိမ်လေး အ‌ရည်ပျော်သွားမှာ စိုးတာကြောင့် မုယွမ်ယောင်က ပြတင်းပေါက်တံခါးကို တစ်ဖက်ဖွင့်ထားလိုက်သည်။ လက်ရှိမှာ သူမ ပြတင်းပေါက်နားမှာ ထိုင်ရင်း ရေခဲမီးအိမ်လေးကို ငေးကြည့်နေသည်။ မီးအိမ်လေးက ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။

လေအေးတွေက ပြတင်းပေါက်မှတဆင့် ဝင်လာပြီး သူမကို အေးစိမ့်စိမ့် ဖြစ်သွားစေသည်။ လေအေးတွေက သူမရဲ့ အတွေးတွေကိုလည်း ပိုပြီးကြည်လင်လာစေသည်။

ယွဲ့ဝမ် ရေခဲမီးအိမ်ကို ထုတ်လိုက်တဲ့တခဏ အရင်က အချက်အလက်‌သေးသေးလေးတွေအားလုံး ဦးနှောက်ထဲ ချက်ချင်း ပြေးဝင်လာကြသည်။ နောက်ဆုံးတော့ သိလိုက်ရတာက ယွဲ့ဝမ်က သူမကို သဘောကျနေသည်ဟု!

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now