Unicode
အပိုင်း ၂၆၆ - ရှင် ကျွန်မကို သတ်ချင်တာလား?
ဒီအခိုက်အတန့်တွင် ယွဲ့ဝမ်ရဲ့ ချောမောတဲ့မျက်နှာ ဖြူဖျော့သွားပြီး သူ့ရဲ့ကြည်လင်အေးစက်တဲ့ မျက်လုံးတွေကို ပိတ်ထားလိုက်သည်။ သူ့ရဲ့ အေးစက်တဲ့ ကိုယ်ရောင်ကိုယ်ဝါ ပျောက်သွားပြီး ဆန့်ကျင်က အနည်းငယ်အားနည်းတဲ့ ခံစားချက်ရစေသည်။
“ကျွန်မ ရှင့်ကို အရင်တွေ့တုန်းက ဓားသွားလို အေးစက်ပြီး ကျောချမ်းဖွယ်ကောင်းခဲ့တာကို ယုံတောင်မယုံနိုင်ဘူး။ ဒါပေမယ့် အခု ရှင်က အားနည်းတဲ့ အမူအရာ ပြနေတာလား?”
ယွဲ့ဝမ် အိပ်မက်တစ်ခုထဲ ကျရောက်သွားပုံရသည်။ သူ မျက်မှောင်ကြုတ်လေ မျက်ခုံးတွေ တင်းကြပ်လာလေဖြစ်ပြီး နဖူးပေါ်တွင် ချွေးစေးပြန်လာပုံရပြီး ဂနာမငြိမ်ဖြစ်နေသည်။မုယွမ်ယောင် အမြန်ပဲ ဒူးထောက်ချလိုက်ပြီး သူ့ဆီ ချဉ်းကပ်သွားသည်။
“နင်းစစ်ယဲ့? နင်းစစ်ယဲ့?”
ယွဲ့ဝမ် ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး မုယွမ်ယောင်လည်ပင်းကို ဆွဲကိုင်ကာ အိပ်ရာပေါ် ဖိချလိုက်သည်။ ထိုမျက်လုံးတွေက အေးစက်ပြီး ဗလာကျင်းနေကာ ခံစားချက်စိုးစဉ်းမျှ မရှိဘဲ မုယွမ်ယောင်ကို အေးစက်စက်နဲ့ စိုက်ကြည့်နေသည်။ သူ့လက်ထဲမှာ ရှိတဲ့သူကို သေရွာပို့တော့မယ့်အတိုင်း အကန့်အသတ်မဲ့တဲ့ သတ်ဖြတ်ချင်စိတ်တွေ တောင်တစ်လုံးလို မောက်တက်လာသည်။
မုယွမ်ယောင်ရဲ့မျက်နှာ နီမြန်းသွား၏။ သူမ ယွဲ့ဝမ်ရဲ့လက်ကို ဖယ်ရှားဖို့ ကြိုးစားပေမယ့် သူ့လက်က သံမဏိလို မာကြောပြီး သူမအားနဲ့ ဖယ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရချိန်တွင်
“နင်းစစ်ယဲ့… အဟွတ် အဟွတ်… နင်းကျွင်းယွဲ့!”
ယွဲ့ဝမ် ချက်ချင်း အသိစိတ်ပြန်ကပ်သွားပြီး သူ့ခန္ဓာကိုယ်ထဲက သတ်ချင်စိတ်က ဒီရေလို ပြန်ကျသွားသည်။ သူ လက်ကို ချက်ချင်းဖယ်ရှားပြီး မုယွမ်ယောင်ကို လွှတ်ပေးလိုက်သည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Ficção Históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...