အပိုင်း ၃၂၅/ အပိုင္း ၃၂၅

448 43 4
                                    

Unicode

အပိုင်း ၃၂၅- မုန့်ယန့်ရန်မှ အကြိမ်ကြိမ် ရန်စခြင်း

မုယွမ်ယောင်က မတ်တပ်ရပ်လိုက်ပြီး အမျိုးသမီးကျင်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။

"အမေ့ကို သမီးနှုတ်ဆက်ပါတယ်"

အမျိုးသမီးကျင်းက ထလာပြီး သူမကို ထဖို့ကူလိုက်ကာ ပြုံးချို‌သော မျက်နှာထားဖြင့် သူမအား သေချာလေး အကဲခတ်လိုက်သည်။

"ယောင်းအာ အစစအရာရာ အဆင်ပြေရဲ့လား?"

စုချင်၊မုယွမ်ယောင်နဲ့ စုမိသားစုကြား ဆက်ဆံရေးကို ကြားပြီးနောက် သူတို့ မြို့တော်ကို တတ်နိုင်သလောက် အမြန်လာဖို့ အမျိုးသမီးကျင်း မျှော်လင့်ခဲ့၏။ နောက်ဆုံးမှာတော့ သူတို့လာဖို့ကို စောင့်ကြိုနေမိသည်။ အမျိုးသမီးကျင်းက လာဖို့ကို နှစ်ရက်လောက်စောင့်နေခဲ့၏။ သို့သော်လည်း မုန့်မိသားစုမှ သခင်မလေးက မုယွမ်ယောင်အား ပါးရိုက်လိုက်သည်ဆိုတဲ့ သတင်းကိုကြားလိုက်ရသည်။ အကြောင်းအကျိုး သေချာစုံစမ်းပြီးသည့်အချိန်မှာတော့ သူမ ပူပင်သောကရောက်ခဲ့ရသည်။

ခုလို မုယွမ်ယောင်ရဲ့ မျက်နှာမှာ ဘာမှမဖြစ်တာတွေ့ရ သည့်အခါမှသာ...တစ်ချိန်လုံး သူမရင်ထဲ မတင်မကျဖြစ်နေခဲ့ရသည့် အလုံးကြီး ကျသွားသလို စိတ်အေးသွားရသည်။

"မြို့တော်‌ကိုရောက်တော့ အဖွားနဲ့အဒေါ်တို့က သေချာဂရုစိုက်ပေးတာမလို့ အကုန် အေးအေးဆေးအေးပါပဲ"

မုယွမ်ယောင်က မျက်နှာပေါ်တွင် မြူတစ်မှုန်မျှမရှိသည့်အတိုင်း ချိုသာစွာ ပြုံးနေလေသည်။

အမျိုးသမီးကျင်းက မုယွမ်ယောင်လက်ကို အနည်းငယ် ဖျစ်ညစ်၍ ပြုံးပြလိုက်သည်။

"တော်သေးတာပေါ့"

သူမ ဒီကိုရောက်လာတုန်းက မှီခိုစရာလူတစ်ယောက်မှမရှိ‌ခဲ့သလို ဘယ်သူ့ကိုမှလည်း မသိခဲ့ချေ။ ဒါ့ကြောင့် သူမ အရှုတ်ချခံခဲ့ရပြီး အခက်တွေ့စေခဲ့သည်။ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်မင်းက သူမကို နန်းတော်သို့ ဆင့်ခေါ်ခဲ့လေသည်။ အရှိန်အဝါကြီးမားသော အိမ်တော်တွေရဲ့ နောက်ဘက်ခြံဝန်းများက အမြဲတမ်း စည်းစည်းလုံးလုံး ရှိကြသည်။ လူတစ်ယောက်သေသွားမယ် ဆိုရင်တောင် လျှို့ဝှက်ချက်မဟုတ် သူတို့ဘာသာ တိတ်တဆိတ် လက်စဖျောက်ပစ်မည် ဖြစ်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now