အပိုင်း ၃၂၃/ အပိုင္း၃၂၃

374 35 0
                                    

Unicode

အပိုင်း၃၂၃ - စုယို့က အဝတ်အစား‌ လာပေးတယ်

မုယွမ်ယောင် အရင်က စုယို့ကိုတွေ့တုန်းက သိပ်အာရုံမစိုက်ခဲ့ချေ။ စုမိသားစုက အခမ်းအနားတစ်ခု လက်ခံကျင်းပမည်ဖြစ်သည်။ ပွဲအမည် တပ်ရမယ်ဆိုလျှင် သူမ ဧကရာဇ်ရဲ့ ဆုလာဘ်ချီးမြှင့်ခြင်း ခံရတာကို ဂုဏ်ပြုချင်တာနဲ့ စုမိသားစုဆီ ပြန်ရောက်တာကို ကြိုဆိုဖို့ ဖြစ်၏။ ဖိတ်ကြားခံရတဲ့ ဧည့်သည်စာရင်းနဲ့ မိသားစုကြီးရဲ့ ပြပွဲ အကုန်လုံးက ပုံမှန်လိုမဟုတ်တဲ့ သဘောရှိသည်။

ဒါပေမယ့် စုမိသားစုရဲ့ ပွဲအခမ်းအနားနေ့ မတိုင်ခင်မှာ ကျီယွဲ့ဉယျာဉ်ဆီ စုယို့ ရောက်လာမယ်လို့ သူမ မျှော်လင့်မထားခဲ့ရုံတင် ဖြစ်သည်။

မုယွမ်ယောင် သူမလက်ထဲက စုတ်တံကို ချထားလိုက်ပြီး လက်ရေးလှစာလုံး စာရွက်ကို ဖုံးလိုက်ပြီးနောက် ကျင်းလန်ကို သူမအား အထဲ ဖိတ်ခေါ်ခိုင်းလိုက်သည်။

စုယို့က မုယွမ်ယောင် အခန်းထဲ ဝင်လာကာ ခဏကြာ ရှေ့နောက်ကြည့်နေပြီး မနေနိုင်ဘဲ အနည်းငယ် နှာမှုတ်လိုက်သည်။

“မင်း လိမ်နေတာလား?”

မုယွမ်ယောင် နားမလည်နိုင်စွာ မျက်တောင်ခတ်လိုက်သည်။

“အစ်မကြီးစုယို့ တံခါးကနေ ဝင်ဝင်လာချင်း ဒါကို မေးလိုက်တာ။ ကျွန်မ အစ်မကို ဘယ်လိုများ လိမ်ဖူးလို့လဲ?”

စုယို့က မုယွမ်ယောင်ကို စူးစိုက်ကြည့်ပြီး သူမရဲ့ ဖြူဖျော့တဲ့ မျက်နှာက ဒေါသကြောင့် နီမြန်းသွားသည်။

“မင်းမှာ ဝတ်စရာ အဝတ်အစား မရှိဘူးလို့ ပြောခဲ့ပေမယ့် မင်းအခန်းထဲက အပြင်အဆင် ပရိဘောဂတွေက အရမ်းသားနားတာကို ငါ တွေ့လိုက်ရတယ်။ မင်းရဲ့ ငွေတွေအကုန်လုံးကို ဒီအတွက် သုံးလိုက်တာများလား?”

မုယွမ်ယောင် စုယို့နောက်က အစေခံတွေကို ကြည့်လိုက်သည်။ သူတို့လက်ထဲမှာ လင်ဗန်းတစ်ခု ကိုင်ထားပြီး လင်ဗန်းပေါ်မှာ ချုပ်ပြီးသား ဝတ်စုံတစ်ခု ဖြစ်သည်။

“အစ်မ… အစ်မ တကယ်ပဲ ကျွန်မအတွက် အဝတ်အစားတွေ ကူပြင်ဆင်ပေးထားတာလား”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now