အပိုင်း ၃၀၂/ အပိုင္း ၃၀၂

311 28 1
                                    

Unicode

အပိုင်း ၃၀၂ - မျက်နှာပြောင်စွာနှင့် အကွက်ဆင်ခံရခြင်း

"ဒါဘာလုပ်တာလဲ?"

စုချင်းဝူ ဆတ်ခနဲသဲအိုးကိုဆွဲယူလိုက်ပြီး သူရဲ့မျက်ဝန်းတွေက ကန့်ကွက်မှုတွေနဲ့ပြည့်နေခဲ့သည်။

မုယွမ်ယောင်သူမရဲ့ ရေ‌နွေးစိုနေတဲ့လက်ဖဝါးကို မြှောက်ပြလိုက်သည်။

"သေချာကြည့်ပါဦး!"

မုယွမ်ယောင်ရဲ့လက်ချောင်းများသည် ဖြူဖွေးနူးညံ့နေပြီး ယခုအခါရေ‌နွေးများဖြင့်စွန်းထင်သွားသောကြောင့် နံနက်ခင်းမှာကျတဲ့နှင်းစက်ကလေးတွေသကဲ့သို့ သူမလက်ချောင်းများထိပ်မှရေစက်လေးများတွဲကျနေသည်။

စုယွီယိနဲ့ မုန့်ယန့်ရန်တို့နှစ်ယောက် မယုံနိုင်စွာပဲ မျက်လုံးပြူးသွားကြသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"

မုယွမ်ယောက်ရဲ့လက်ဟာ သဲအိုးကရေ‌နွေးများနဲ့ စိုရွှဲသွားတာကြောင့် သူမရဲ့လက်ချောင်းလေးတွေက မသိမသာ ဖျော့ဖျော့လေးနီရဲသွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် မုယွမ်ယောင်သူမရဲ့လက်များကို စိတ်ရှုပ်စွာနဲ့ခါပြလိုက်သည်။

"ကျွန်မရဲ့ အသားအရေက အမြဲတမ်းနူးညံ့ပြီး အထိမခံဖြစ်နေတာမို့ နည်းနည်းလောက်ထိခိုက်မိရင်တောင် အနီကွက်တွေကျန်ခဲ့နိုင်ပေမယ့် ဒီတစ်ခါတော့အဲလိုမဖြစ်လောက်ပါဘူး၊ ကျွန်မကိုလာမကူဘူးလား ဝမ်းကွဲအကို?"

မုယွမ်ယောင်ရဲ့လက်က အဆင်ပြေတာသေချာတာနဲ့ စုချင်းဝူစိတ်သက်သာရာရသွားပြီး သတိပြန်ဝင်လာခဲ့သည်။ မုယွမ်ယောင်ရဲ့ ယုံကြည်မှုအပြည့်နဲ့ မျက်ဝန်းများကိုကြည့်လိုက်တဲ့အခါမှာတော့ သူခဏတာပြန်လည်ရပ်တန့်သွားရုံမှ မတတ်နိုင်တော့‌ပေ။ ရုတ်တရက်ပဲ ပင်လုံးကြိုက်ပင်ပေါ်မှာထိုင်ပြီး ပန်းများခူးနေတဲ့သူမရဲ့ပုံရိပ်ကို သူပြန်မြင်ယောင်လာခဲ့သည်။

အဲဒီနေ့က သူမကမွေးကြိုင်တဲ့ပင်လုံးကြိုက်ပန်းတွေကို မြေပြင်ပေါ်သို့ပစ်ချခဲ့ပေမယ့် အဲဒါကသူရဲ့နှလုံးသားထဲကတော့ထွက်မသွားခဲ့ပါဘူး။ ထိုအစား အဲဒါကသူရဲ့နှလုံးသားထဲမှာ အမြစ်တွယ်သွားခဲ့သည်။ အခုသူ မုယွမ်ယောင်ကိုပြန်မြင်လိုက်ရတဲ့အခါ သူရဲ့အတိတ်ကမှတ်ဉာဏ်များက သူ့နှလုံးသားထဲကပင်လုံးကြိုက်ပင်ကို အမြစ်ပိုတွယ်စေပြီး အရွက်များဝေဆာလာစေသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now