Unicode
အပိုင်း ၂၉၇ - တွေ့ဆုံမှု လက်ဆောင်ပေးခြင်း
“သခင်မကြီးရဲ့ စိတ်ခံစားချက်က မနေ့က အတော်လေး ကြီးကြီးမားမား အတက်အကျဖြစ်နေခဲ့တာမလို့ ဒီနေ့ သူမ ခေါင်းနည်းနည်း ကိုက်နေတာ။ သခင်မနဲ့ သခင်မလေး လာခဲ့ရင် ပြန်ပြီး နားဖို့ ကျွန်မကို ပြောခိုင်းထားလို့၊ အားလုံးက မိသားစုဝင်တွေဖြစ်တာကြောင့် မိသားစုက အရမ်း ကျင့်ဝတ်လိုက်နာနေဖို့ မလိုပါဘူး”
“အမေက ခေါင်းကိုက်နေတယ်။ သမားတော်ခေါ်ပြီး စစ်ဆေးကြည့်ပြီးပြီလား?”
စုချင်က မေးလိုက်သည်။
“ကျွန်မ သမားတော်ခေါ်ပြီး စစ်ဆေးကြည့်စေပြီးပါပြီ။ သူတို့ပြောတာတော့ ကြီးကြီးမားမား ကိစ္စမဟုတ်ဘဲ ပြန်လည်အားပြည့်ဖို့ ဆေးနှစ်ဖုံသောက်ဖို့ပဲ လိုပါတယ်တဲ့”
ဝမ်မော့မော့က လေးစားစွာနဲ့ ပြန်ဖြေသည်။
စုချင်က ခေါင်းညိတ်လိုက်သည်။
“ဒါဆို ကျွန်မ စိတ်အေးရပါတယ်”
အထဲဝင်ပြီး အရိုအသေပေးဖို့ ခွင့်ပြုချက် မရခဲ့သော်လည်း မုယွမ်ယောင်က စုချင်နဲ့အတူ ခြံဝန်းအပြင်ဘက်မှ အရိုအသေပေးပြီးနောက်မှ ကျီယွဲ့ဉယျာဉ်ဆီ ပြန်လာခဲ့သည်။
ပူးရှန့်လုံ ဖွင့်ပြီးချိန်ကစပြီး စုချင် လက်ဖက်ရည်သောက်ရတာ နှစ်သက်လာသည်။ ကျီယွဲ့ဉယျာဉ်က ခြံဝန်းအတွင်းမှာ ကြာကန်တစ်ခုရှိပြီး မြင်ကွင်းမှာ မျက်စိပသာဒဖြစ်လှသည်။ ထို့ကြောင့် သူမက အရိပ်ကနားငယ်လေးထဲမှာ လက်ဖက်ရည်ဝိုင်းတွေ ပြင်ဆင်ဖို့ စေခိုင်းလိုက်သည်။
မုယွမ်ယောင် လက်ဖက်ရည်ဖျော်ပြီးနောက် စုချင်ဆီ လက်ဖက်ရည်ပန်းကန်ယူလာပေးလိုက်ပြီးနောက် ထူထဲတဲ့ စာအုပ်ငယ်လေးတစ်ခုကို ယူကာ သေချာလှန်လှောကြည့်လိုက်သည်။
“မနေ့က အတော်လေး အလုပ်ရှုပ်နေခဲ့ပြီး ခရီးဆောင်သေတ္တာတွေ သယ်ဆောင်တာက နည်းနည်း နှောင့်နှေးနေခဲ့တာကြောင့် သမီးတို့တွေ နှုတ်ဆက်လက်ဆောင်တွေ မပေးရသေးဘူး။ သမီးတို့ ဒီနေ့မှ မပေးဖြစ်ရင် အချိန်နှောင်းပြီး မသင့်လျော်ဘဲ နေလိမ့်မယ်။ ကျင်းလန် မင်း ကျိုးမော့မော့ကို လာခဲ့ဖို့ သွားခေါ်လိုက်”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Исторические романыစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...