Unicode
အပိုင်း ၂၅၁ - ယွဲ့ဝမ်ရဲ့ ကြောက်မက်ဖွယ် ရည်ရွယ်ချက်
စုအိမ်တော်တွင် မဆုံးသော အားပေးအားမြှောက်သံတွေ ရယ်မောသံတွေနဲ့ ပြည့်နှက်လို့နေပေမယ့် ကျင်းရှို့ဥယျာဉ်အတွင်းမှာတော့ ယွဲ့ဝမ်ရဲ့ အမူအရာက အလွန်အေးစက်လို့နေသည်။
အထိန်းတော်ချင်းက ဘေးနားမှာ မတ်တပ်ရပ်ရင်း လက်နောက်ပစ်ကာ ယွဲ့ဝမ် ယွီယိကို ညွှန်ကြားတာတွေကို နားထောင်နေသည်။
“လီယွမ်ယီ အဲ့ဒီမှာ သတိထားပြီး ဆုံးဖြတ်ချက်ချထားတယ်။ နောက်ရက်အနည်းငယ်မှာ သူ ကျင်းရှို့ဥယျာဉ်ထဲ ထပ်ပြီး ခြေချမှာ မလိုချင်ဘူး”ယွဲ့ဝမ်ရဲ့မျက်လုံးတွေ မည်းနက်သွားသည်။ အေးစက်တဲ့လေက သူတို့ကို ဖြတ်တိုက်သွားသကဲ့သို့ အတောမသတ်နိုင်အောင် အအေးဓာတ်ကို ခံစားလိုက်ရသည်။
လီယွမ်ရဲ့ အကျင့်စရိုက်အရ သူ မုယွမ်ယောင်အပေါ် စိတ်ပုံအပ်လိုက်ပြီဆိုရင် သူ သေချာပေါက် နောက်ရက်အနည်းငယ်မှာ သူမကို ပိုးပန်းဖို့ နည်းလမ်းမျိုးစုံကို သေချာပေါက် အကြံထုတ်မှာ။ အဲ့ဒီအကြောင်း မြင်ယောင်ကြည့်ရုံနဲ့တင် သူ စိတ်ထဲမှာ သတ်ပစ်ချင်စိတ်တွေ မြင့်တက်လာသည်။
ယွီယိက အမြန်ပဲ ခေါင်းညိတ်ပြီး ပြန်ဖြေသည်။“ကျေးဇူးပြုပြီး စိတ်ချပါ သခင်။ ဒီငယ်သား ဒီကိစ္စကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်”
သူ စိတ်ဆုံးဖြတ်ပြီးဖြစ်သည်။ သူ လီယွမ်ယီကို အစိုးရရုံးမှာ ခြေချုပ်မိအောင် မလုပ်နိုင်ဘူးဆိုရင် သူ လျှို့ဝှက်စွာနဲ့ လီယွမ်ယီကို အိတ်တစ်အိတ်ထဲထည့်ပြီး ခြေထောက်တွေ ချိုးပစ်ကာ လီယွမ်ယီကို ဝမ်ရယ်ရှေ့မှာ ပေါ်မလာအောင် လုပ်ပစ်မည်။
ယွဲ့ဝမ်က ခေါင်းညိတ်သည်။
“သွားပြီး ဆောင်ရွက်ချေ”
ပတ်ပတ်လည်က အေးစက်မှု အနည်းငယ် လျော့ကျသွားတာကို ခံစားမိတဲ့အခါ အထိန်းတော်ချင်း ရှေ့တိုးကာ ယွဲ့ဝမ်ကို ပြောလာသည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historická literaturaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...