အပိုင်း ၂၈၆/အပိုင္း ၂၈၆

407 40 0
                                    

Unicode

အပိုင်း ၂၈၆ - လျိုမားမားကိုစမ်းသပ်ခြင်း

စုချင်က သူမရဲ့မျက်လုံးကို မသိမသာပြူးလိုက်ပြီး အသံကိုနှိမ့်ကာ ပြောလိုက်သည်။

"ယောင်အာ အဲဒီရတနာရှစ်ပါးတို့ဟူးဟင်းက ပြဿနာရှိလို့လား?။"

"ခပေါင်းကြီးအမှုန့်ကို ထည့်ထားပေမယ့် နည်းနည်းလေးပဲပါလို့ ဒီနေ့အစားသောက်မှာပြဿနာသိပ်ရှိမှာမဟုတ်ပါဘူး။"

စုချင်ရဲ့ အမူအရာက အေးစက်သွားသည်။

"အကြာကြီးစားမိရင်ရော ဘယ်လိုဖြစ်မှာလဲ?။"

"နည်းနည်းများသွားမယ်ဆိုရင် ခေါင်းကိုက်တာ၊ ရင်ဘက်တင်းတာနဲ့ ပျို့အန်တာတွေဖြစ်လိမ့်မယ်။ လှေစီးရင်တဲ့အခါ လှိုင်းမူးတာနဲ့တော်တော်ဆင်တယ်၊ အများကြီးဆိုရင်တော့ အသက်ကိုပါဆုံးရူံးနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်။"

"ယောင်အာ အခုစုမိသားစုက လှုပ်ရှားဖို့ အစီစဉ်စဆွဲနေပြီလို့ ဆိုလိုတာလား?။"
စုချင်ရဲ့အသံက တုန်လှုပ်သွားသည်။ ကြောက်ရွံ့တာကြောင့်လား ဒေါသထွက်တာကြောင့်လား ဆိုတာတော့သေချာ မသိနိုင်ပေ။

မုယွမ်ယောင်က သူမလက်ကိုကိုင်လိုက်သည်။

"စိတ်မပူပါနဲ့ အမေ။ စုမိသားစုက ဒီလောက်အထိ မမိုက်မဲလောက်ပါဘူး။ တစ်ချို့ကသာရူးပြီး ဒီလိုလှည့်ကွက်လေးတွေနဲ့ လာစမ်းချင်နေတာ။"

"ဘယ်သူလုပ်တာလဲဆိုတာခန့်မှန်းမိပြီလား ယောင်အာ?။"

စုချင်က စိတ်ပူစွာနဲ့ မေးလိုက်သည်။

"ဒီနေ့ရာသီဥတု သာယာတယ်နော်၊ သမီးနဲ့အတူ အပြင်ကို လမ်းထွက်လျောက်ရ‌အောင်အမေ၊ ဘယ်သူတွေက အငြိမ်ထိုင်မနေနိုင်ဘူးဆိုတာ‌ အချိန်မီစောင့်ကြည့်ကြတာပေါ့။"

"ကောင်းပြီလေ"

သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်နဲ့ မုယွမ်ယောင်က စုချင်ကို လှေထိပ်ဦးပေါ်သို့ရောက်အောင် ကူညီပေးလိုက်သည်။ သူမတို့သည် ပျန့်မြစ်ထဲသို့ရောက်နေပြီဖြစ်သည်။ မြစ်ရေပြင်သည် ကျယ်၍ ရေကညင်သာစွာ စီးဆင်းနေသည်။ မြစ်ရဲ့ကမ်းနှစ်ဖက်လုံးက အလွန်လှုပ်ရှားနေပြီး မြစ်ရဲ့ကမ်းနှစ်ဖက်လုံးမှာ အဆောက်အအုံတွေကို သူတို့တွေ့ရကာ တစ်ခါတစ်ရံ ကျယ်လောင်တဲ့အသံတွေနဲ့ ငါးဖမ်းသံများကိုပါ ကြားရသေးသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now