Unicode
အပိုင် ၃၁၅- ဒါဆို ပြန်တိုက်လိုက်
ဧကရာဇ်က လက်ဖက်ရည်နှစ်ငုံလောက် သောက်ပြီးနောက် လက်ဖက်ရည်ပန်းကန်ကို ဘေးမှာချထားလိုက်သည်။
“မင်းက ကျင်းလင်မြို့မှာ လျန်တစ်သိန်း လှူဒါန်းခဲ့တဲ့သူလား။ ကျင်းလင်မြို့ ဆားပို့ဆောင်ရေးသံတမန် လီမုနျန်က ဒီကိစ္စကို ငါကိုယ်တော်ဆီ စာရေးပြီး တင်ပြခဲ့တယ်။ မင်းက ပြည်သူတွေကို ကောင်းကောင်းကြီး အကျိုးပြုခဲ့တယ်လို့ ငါ ကြားခဲ့တယ်။ မင်းက ဒီနှစ်ပိုင်းမှာ နီယွင်ဖန်းနဲ့ ပူးရှန့်လုံက ရတဲ့ငွေတွေအကုန်လုံးကို ထုတ်ခဲ့တာလို့ ငါ ကြားတယ်၊ ဟုတ်သလား?”
မုယွမ်ယောင် အသာ ခေါင်းရမ်းလျက် အမှန်အတိုင်း ပြန်ဖြေသည်။
“ကျွန်မ အကုန်လုံး ထုတ်သုံးခဲ့တာ မဟုတ်ဘဲ ငွေလျန် ငါးသိန်း ချန်ထားပါသေးတယ်။ ကျန်တဲ့ထဲက ငွေလျန်သုံးသိန်းကို လုပ်ငန်းအတွက် သုံးစွဲပြီး ငွေလျန်တစ်သိန်းလေးသောင်းကို ကျွန်မအဘွားနဲ့ အခြားသူတွေအတွက် နှုတ်ဆက်လက်ဆောင် ဝယ်ရာမှာ သုံးလိုက်ပါတယ်။ ကျန်တာတွေကို နောက်အသုံးစရိတ်အတွက် ကျွန်မအမေကို အပ်ထားပါတယ်”
“မင်းပြောပြတာ အတော်လေး အသေးစိတ်တာပဲ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးသိတတ်တာ ကောင်းတဲ့အရာပါ။ ငါ မင်းကို ဆုလာဘ် ပေးသင့်တယ်။ ဒါ့အပြင် ဒီနေ့လက်ဖက်ရွက်တွေက မဆိုးဘူး။ အချိန်ကျရင် မင်း ပြန်တိုက်နိုင်အောင် ငါ မုန့်မိသားစုက မင်းကို ရိုက်ခဲ့တဲ့သူကို ခေါ်ပေးမယ်”
မုယွမ်ယောင် မင်သက်သွားပြီး အချိန်အကြာကြီး မလှုပ်ရှားနိုင်ဖြစ်သွားရသည်။ ရှုလီ မနေနိုင်ဘဲ သူမကို သတိပေးမည်ပြုချိန်မှာ သူမက ရုတ်တရက် မတ်တပ်ထကာ ဒန်းဆိုတဲ့အသံနဲ့ မြေကြီးပေါ် ဒူးထောက်ချကာ ဧကရာဇ်ကို ပိုလေးနက်တဲ့ လေးစားမှုနဲ့ ဦးညွတ် အရိုအသေပေးသည်။ သူမခန္ဓာကိုယ်မှာ ခေါင်းမာမှုနဲ့ ပြည့်နေပြီး အုပ်မိုးနေတဲ့ ကြီးမားသော သစ်ပင်ကြီးအောက်မှာ ရပ်နေတဲ့ အပင်ပေါက်လေးကဲ့သို့ ဖြစ်သည်။ သူမ ခေါင်းပေါ်မှာ ဧရာမလောက် အမိုးအကာနဲ့ အုပ်လိုက်ရင်တောင် သူမ ခေါင်းမာစွာနဲ့ ငွေလိုအဖိုးတန်တဲ့ အခွင့်အရေးကို ရရှိဖို့ အသက်မနည်းရှုပြီး ရုန်းကန်မည်ဖြစ်သည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Tarihi Kurguစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...