အပိုင်း ၃၃၁/ အပိုင္း၃၃၁

230 30 0
                                    

Unicode

အပိုင်း၃၃၁- ဒုတိယသခင်မရဲ့ စိတ်စေတနာကောင်း ဖော်ပြမှု

သခင်မကြီးရဲ့ ခြံဝန်းထဲက ထွက်လာပြီးနောက် မုယွမ်ယောင်က စုချင်နဲ့အတူ ကျင်းယွဲ့ဉယျာဉ်ဆီ ပြန်လာချိန် ဒုတိယသခင်မက သူတို့ကို နှုတ်ဆက်လာသည်။

“ယွမ်ယောင်၊ ငါ နဂိုက မင်းကို နန်းတော်ဆီ ငါနဲ့အတူ ခေါ်လာချင်ခဲ့ပေမယ့် ဘယ်သူက ထင်ထားမှာလဲ…”

မုယွမ်ယောင် ဒုတိယအဒေါ်ရဲ့ ခန္ဓာကိုယ်ကနေ ကြင်နာမှုကို ခံစားနိုင်သည်။ ခဏကြာအောင် စဉ်းစားပြီးနောက် ဒါ စုယို့ရဲ့ အကျိုးရရှိမှုကြောင့် မဟုတ်ဘူးဆိုတာ သူမ နားလည်သွားပြီး သူမမျက်နှာပေါ်က အပြုံး ပို၍ သဘာဝဆန်သွားသည်။

“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်၊ ဒုတိယအဒေါ်”

မုယွမ်ယောင်ရဲ့ အမူအရာ ပြောင်းလဲမှုကို သတိထားမိပြီး ဒုတိယသခင်မက ရှေ့တိုးကာ စုချင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။

“ညီမလေးစုချင်၊ အစ်မ မင်း ပြန်လာကတည်းက ကျီယွဲ့ဉယျာဉ်ကို မရောက်ဖြစ်ဘူး။ ဒီနေ့ အစ်မကို ဖိတ်ချင်လား?”

စုချင် အမြန်ပဲ အပြုံးတစ်ခုနဲ့ ပြန်ဖြေသည်။

“ကျွန်မ ဒုတိယယောင်းမကို ဖိတ်ချင်နေတာ ကြာပြီ။ အစ်မက ယို့အာကို ဂရုစိုက်နေရတာနဲ့ အလုပ်ရှုပ်နေတာကြောင့် ကျွန်မ မဆင်မခြင်နဲ့ ထုတ်မပြောဝံ့ခဲ့ပေမယ့် ဒီနေ့ အခွင့်အခါ ကြုံကြိုက်သွားတာပဲ”

ကျီယွဲ့ဉယျာဉ်ဆီ ပြန်ရောက်တော့ ဒုတိယသခင်မက အထဲက အပြင်အဆင်တွေကို သေချာ ကြည့်ရှုစစ်ဆေးပြီး တအံတဩ မင်သက်လို့နေသည်။

“ဒီလိုအချိန်တိုလေးအတွင်းမှာ မမှတ်မိနိုင်အောင် ဖြစ်သွားမယ်လို့ ထင်မထားခဲ့ဘူး။ ဒီပစ္စည်းတွေ တစ်ခုချင်းစီတိုင်းက အရည်အသွေး အမြင့်ဆုံးပဲ။ မကြည့်ဘဲ မနေနိုင်အောင်ပါလား”

စုချင်က စစ်ချင်ကို လက်ဖက်ရည် တည်ခင်းခိုင်းပြီး ခန်းမထဲမှာ ဒုတိယသခင်မနဲ့အတူ လမ်းပတ်လျှောက်သည်။

“ဒီအရာတွေကို ယောင်အာ စီစဉ်ထားတာ။ ကြည့်ကောင်းတယ်လို့ပဲ တွေးမိပေမယ့် ဘာက ကောင်းတယ်ဆိုတာကို တိတိပပ မပြောနိုင်ဘူး။ ကျွန်မ ဒုတိယအစ်မကို ရယ်မောစေမိပြီ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now