Unicode
အပိုင်း ၃၄၄ - ယွမ်ယောင် ခုန်ဆင်းလိုက်
ညချဉ်းကပ်လာသည်နှင့်အမျှ ထောင်ယွမ်လမ်းအနီးရှိ ပျန့်မြစ်ကမ်းပေါ်မှာ ပန်းတွေကြွေကျနေပြီး မြစ်မျက်နှာပြင်အထိတောင် ဆင်းသက်နေ၏။ ပန်းတွေရဲ့နောက်မှာတော့ သုံးထပ်မြင့် အဆောက်အဦးကြီးဖြစ်သည့် ဟွမ်းချိုင်ဂေဟာ ရှိနေသည်။
ဟွမ်းချိုင်ဂေဟာက မြို့တော်မှာကျော်ကြားပြီး တန်ဖိုးမြင့်အစေခံတွေနဲ့ သောင်းနဲ့ချီတဲ့လူတွေအတွက် ကျောက်စိမ်းအိပ်စက်ရာလေးတွေ ရှိနေသည်။ ထို့အပြင် ပျက်သုဉ်းသွားတဲ့ မျိုးရိုးမြင့်မိသားစုက သခင်မလေးတွေတောင် ရှိနေသည်ဟု ကောလဟာလတွေ ထွက်နေတာမို့ အမျိုးသားတော်တော်များများ သဘောကျနှစ်ခြိုက်ရာဖြစ်သည်။
ဟွမ်းချိုင်ဂေဟာတစ်ခုလုံး လင်းထိန်နေ၏။ ရေပေါ်မှာ တည်ဆောက်ထားတဲ့ စင်မြင့်ကြီးက အဆောက်အဦးရဲ့ ဒုတိယအထပ်နဲ့ တစ်တန်းတည်းဖြစ်ပြီး တတိယထပ်မှာတော့ ပင်လုံးကြိုင်ပန်းပင်ပုံစံ ရေးဆွဲထားတဲ့ လမီးအိမ်တွေကို ချိတ်ဆွဲထားသည်။ အရှေ့တည့်တည့်က ကြည့်မည်ဆို စင်မြင့်နားထိ နိမ့်ကျနေတဲ့ လဝန်းကြီးလို ဖြစ်နေသည်။
စင်မြင့်နားရှိ ကမ်းနှစ်ဖက်မှာ လူတွေအများအပြား ရောက်ရှိနေလေပြီ။ ထိုစင်မြင့်ဆောက်ထားရတဲ့ ရည်ရွယ်ကို တစ်ယောက်ပြီးတစ်ယောက် မှန်းဆနေကြသည်။ စောင့်ရလို့ စိတ်မရှည်ဖြစ်လာချိန်မှာပဲ ရုတ်တရပ် ပုံရိပ်တစ်ခုက ကောင်းကင်ကနေ ဆင်းသက်လာသည်။ သူမက လက်ထဲမှာ ဖဲကြိုးတွေကိုကိုင်ထားရင်း လေထဲမှာဝှေ့ယမ်းကာ စင်မြင့်ပေါ်ကို ခြေချလိုက်သည်။
အံ့သြသက်မဖြစ်နေတဲ့ အသံတွေ ရုတ်ချည်းညံစီသွား၏။ ထိုပုံရိပ်က လနားကနေ ထွက်လာသလို ထင်ရတာမို့ တကယ့်နတ်သမီးအစစ် ရောက်လာတယ်ဆိုပြီးတောင် ထင်မိလု ဖြစ်သွားကြသည်။
စင်မြင့်ရဲ့အနောက်မှာ ချိတ်ဆွဲထားတဲ့ မီးအိမ်တွေက စင်ပေါ်က ထိုအမျိုးသမီးရဲ့ပုံရိပ်ကို ပိုမိုတင့်တယ်လှပသွားစေသည်။ သူမက ဖဲကြိုးကိုကိုင်ပြီး လေနဲ့အတူ နတ်သမီးတစ်ယောက်လို ကပြနေ၏။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...