Unicode
အပိုင်း ၃၁၀ - အပြစ်တင်ခံရခြင်းမှ ရှောင်ဖယ်လိုက်သော သခင်မကြီး
သခင်မကြီးကသူမရဲ့ခေါင်းကိုရမ်းလိုက်ပြီး သူမရဲ့အမှုအရာများကလည်း ပုံမှန်နဲ့မတူဘဲ အေးစက်နေသည်။
"မင်းကအမြဲလိုလို အလုပ်တွေနဲ့ပဲပြည့်နေတော့ အကုန်လုံးကိုတော့ ဘယ်ဂရုစိုက်နိုင်ပါ့မလဲ? နှစ်တွေအကြာကြီး စုမိသားစုအိမ်တော်ကို မင်းကြီးကြပ်ခဲ့တုန်းက အမှားတစ်ခုမှမရှိခဲ့လို့ ငါမင်းကို ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်ခဲ့တယ်၊ ဒါပေမယ့် မင်းအပါအဝင် လူတွေမှာလဲ မလွဲမသွေ သူတို့အကြိုက်ကိုယ်စီနဲ့ ရှိကြမှာပဲ၊ လက်တစ်ဖက်ရဲ့ အရှေ့မှာရှိတဲ့ လက်ဖဝါးက အသားနဲ့ပြည့်ပြည့်ဖြိုးဖြိုးရှိပေမယ့် လက်ရဲ့အနောက်မှာရှိတဲ့ လက်ဖဝါးကတော့ လက်ဖဝါးထက် အသားပိုပါးပြီး ပိန်ပါးနေတက်တယ်"
မနေ့က မုန့်ယန့်ရန်ကိုမျက်နှာသာပေးလိုက်တဲ့အတွက် သူမကိုဆူနေတာလား?
အကြီးဆုံးသခင်မက အရိုအသေပေးကာ မြန်မြန်ပဲ ရှေ့သို့တိုးလာခဲ့သည်။
"အမေ့ရဲ့ချွေးမက အမေမကြိုက်တဲ့ အရာတစ်ခုခုလုပ်ခဲ့မိပြီလား? ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပါအမေ"
သခင်မကြီးစွင်း သူမပါးစပ်ကိုမဟမီ ခဏတာစဉ်းစားလိုက်သည်။
"မနေ့က ယွမ်ယောင်ဒဏ်ရာ ရသွားတယ်လို့ငါကြားတယ်"
"ဟုတ်ပါတယ်၊ ညီမနှစ်ယောက်ကြားက ရန်ပွဲတစ်ခုပါပဲ၊ ယန့်ရန်ကို ငယ်ငယ်ကတည်းက သူမအဖိုးနဲ့အဖွားက အလိုလိုက်ထားတာဆိုတော့ တစ်ခါတစ်လေမှာ သူမအနေနဲ့လည်း သူမအပြောအဆိုနဲ့ အပြုအမူတွေမှာ ဆင်ခြင်တုံတရားမရှိပဲဖြစ်သွားပါတယ်၊ အဲဒါကြောင့်..."
"အဲဒါကြောင့် မင်းကမုန့်ယန်ကိုမျက်နှာသာပေးပြီး ယွမ်အာကို အပြစ်ပုံချတယ်ပေါ့?"
အကြီးဆုံးသခင်မရဲ့ ရင်ဘတ်ထဲ တင်းကြပ်သွားသည်။ သခင်မကြီးရဲ့ ပြောစကားအရ သူမအပေါ်အပြစ်ပုံချဖို့ကြိုးစားနေတာလား? မနေ့က သူမလည်းပဲ ဝင်စွက်ဖက်ခဲ့တာကို မေ့သွားတာလား?
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...