Unicode
အပိုင်း ၃၁၆ - ဧကရာဇ်မှဆုချီးမြှင့်ခြင်း
ရှုလီက သူ့ကိုလှည့်ကြည့်လာသည်။
“သခင်မလေးမုပြောတာကိုမကြားဘူးလား၊ ဧကရာဇ်သာခေါင်းညိတ်သရွေ့ မုန့်မိသားစုကသခင်မလေးတင်မဟုတ်ဘူး၊ မဟာပရောဟိတ်မုန့်ကိုယ်တိုင်ဆိုရင်တောင်မှ သူမက တိုက်ခိုက်ရဲတယ်တဲ့လေ”
အရာရှိတွေရဲ့စိတ်ထဲ ဘာတွေရှိနေလဲဆိုတာ သူနားမလည်နိုင်တော့ဘူး။ သူ့တို့ရဲ့ကြွယ်ဝချမ်းသာမှုနဲ့ဂုဏ်ဒြပ်တွေက ဧကရာဇ်ရဲ့စကားတခွန်းနဲ့တင် ပျက်စီးသွားနိုင်တာကိုမသိဘူးလား။ တစ်ချို့တွေက ဧကရာဇ်မသိလောက်ဘူးအထင်နဲ့ တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ကြံစည်ကြတယ်၊ ဧကရာဇ် ဒီထီးနန်းကိုရဖို့ ဘယ်လိုဖြတ်ကျော်စီစဉ်ခဲ့လဲဆိုတာကိုတော့ မတွေးမိကြဘူး။
လီသဲ့က ထိုအရာကိုကြားတော့ မတတ်နိုင်ဘဲ လေအေးတွေရှုရှိုက်မိသွားသည်။ သူက စိတ်မကောင်းဖြစ်စွာနဲ့ပြောလာ၏။
“တော်ဝင်ကိုယ်လုပ်တော်သဲ့သာ ဒီသတင်းကိုကြားရင် ငိုနေတော့မှာပဲ”
ဒီတစ်ခေါက်မှာ ဧကရာဇ်က မုန့်မိသားစုမျက်နှာကိုမထောက်တော့တာ ရှင်းနေပြီ၊ မုန့်မိသားစုက စိတ်သဘောထားသေးသိမ်တဲ့ တော်ဝင်မင်းသမီးသဲ့ရဲ့ မိသားစုလေ။
“ငိုမှာလား? ရယ်တောင်ရယ်နေလောက်မှာ”အဆုံးမှာတော့ သူမက ဧကရာဇ်ကို ဒေါသမဖြစ်စေခဲ့ဘူး။ တိုက်တိုက်ဆိုင်ဆိုင် သခင်မလေးမုနဲ့တွေ့ပြီး မုန့်မိသားစုကိုသတိပေးရုံလောက်ပဲဖြစ်ခဲ့တာ။ အဲ့ဒါကိုမှ နားလည်မပေးနိုင်ဘဲ အငြိုးထားနေရင် ကောင်းတာတွေဖြစ်လာမှာမဟုတ်ဘူး။
လီသဲ့ကရယ်ပြီး ရှုလီရဲ့ပုခုံးကျောတွေလျှော့သွားအောင် အားထည့်ပြီးနှိပ်လိုက်သည်။
“သခင် တော်ဝင်ကိုယ်လုပ်တော်သဲ့က လူလွှတ်ပြီး စွပ်ပြုတ်ပို့ထားပါတယ်၊ ဧကရာဇ်ကမုယွမ်ယောင်နဲ့တွေ့နေလို့ စွပ်ပြုတ်ကိုထားခဲ့လိုက်ပါတယ်”
ရှုလီက မျက်ခွံပင့်လိုက်သည်။
“နတ်ဘုရားတွေတိုက်ခိုက်နေရင် လူသားတွေက အဲ့ဒဏ်ကိုခံစားရတယ်၊ ဒီကိစ္စက ငါတို့လိုအစေခံတွေ ဝင်ပါလို့ရတဲ့အရာမဟုတ်ဘူး၊ အရေးကြီးဆုံးက ဧကရာဇ်ကိုကောင်းကောင်းခစားဖို့ပဲ”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Fiction Historiqueစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...