အပိုင်း ၂၁၆/ အပိုင္း ၂၁၆

763 72 0
                                    

Unicode

အပိုင်း ၂၁၆

ကျင်းလင်မြို့မှာ ချိုင်ယွဲ့ဆိုင်ရဲ့ဂုဏ်သတင်းက ဒီလောက်ထိ ဆိုးရွားနေမယ်လို့   ထန်ပါးဝမ် မမျှော်လင့်ထားခဲ့ပေ။ တစ်ဖက်မှာတော့ မုယွမ်ယောင်ရဲ့သတင်းကောင်းက   လူတွေရဲ့နှလုံးသားထဲထိ အမြစ်စွဲနေပြီ။ ကိုယ်တိုင်ထုတ်မပြောပေမယ့် လူတိုင်းကို   သူ့အတွက် ထုတ်ပြောလာအောင် လုပ်နိုင်တဲ့အထိလေ။
ထန်ပါးဝမ်က   ဒေါသတကြီးခြေဆောင့်ပြီး ဘေးပတ်လည်ကလူတွေကို လက်ညှိုးထိုးကာ အော်ဟစ်လာသည်။
“မင်းတို့ကန်းနေလား! ငါ့နောက်လိုက်ကဖြင့် သေတော့မှာကို မင်းတို့က   ထေ့ငေါ့ပြောနေကြတုန်းလား။ ကျောက်တာ့ရန်‌ ရောက်လာတဲ့အခါကျ မင်းတို့အကုန်လုံးကို ဖမ်းခိုင်းပြီး   ပြစ်မှုအတွက် စစ်ဆေးခိုင်းပစ်မယ်!”

ဘေးပတ်လည်က ဆွေးနွေးသံတွေ တဖြည်းဖြည်းချင်း လျော့ကြသွား၏။   အဆုံးမှာတော့ လူ့အသက်နဲ့ သက်ဆိုင်နေတာမို့ အချိန်ဆွဲနေရင် မကောင်းနိုင်တော့ဘူးလေ။
“အဲ့လိုဆိုလည်း ဘာလို့သမားတော်မပင့်သေးတာလဲ”

ထန်ပါးဝမ်ကတော့ မျက်မှောင်ကြီးကြုတ်ကာ
“ငါက အကြောက်လွန်သွားလို့ လူကယ်ဖို့မေ့သွားတာလေ၊ မုယွမ်ယောင် မင်းက‌ရော   ဒီမှာရှိနေတာကြာပြီကို ဘာလို့လူကယ်ဖို့ မပြောတာလဲ။ မင်းက   ရုပ်လေးသနားကမားနဲ့ဆိုပေမယ့် စိတ်ထားမကောင်းမှန်း ငါ သိပြီးသားပါ၊   တကယ်မကောင်းဆိုးရွားပဲ”

ထိုအရာကိုကြားတော့ မုယွမ်ယောင်က နှာခေါင်းရှုပ်ပြီး
“ချိုင်ယွဲ့သခင်လေး ထန်ပါးဝမ်က ဒီလောက်တောင် ဟန်ဆောင်တာတော်လိမ့်မယ်လို့   မထင်ထားဘူး”

“ဘာပြောတာလဲကွ ငါက လူတစ်ယောက်ရဲ့အသက်ကို ဟန်ဆောင်ဖို့အတွက်နဲ့ သုံးပါ့မလား”

“ဒါပေါ့ လူတစ်ယောက်ရဲ့အသက်ကို မသုံးဘူးဆိုပေမယ့် အဲ့လူက ရှင့်အစေခံတစ်ယောက်   ဖြစ်နေရင်တော့ ရှင်ဂရုမစိုက်ဘူးမလား!”

“မင်းငါ့ကို စွပ်စွဲနေတာပဲ။ မင်း ငါ့ကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်နေတဲ့အကြောင်း   ကျောက်တာ့ရန်ဆီမှာ တိုင်ကြားပစ်မယ်ကွ!”

သူပြောနေစဉ်မှာပဲ အပြင်ကနေ အော်သံထွက်လာသည်။
“ကျောက်တာ့ရန်‌ ရောက်လာပြီ!”

အရာရှိတွေက လူအုပ်ကြီးကို လူစုခွဲစေပြီး ခန်းမထဲ ဝင်ရောက်လာကြသည်။   အရာရှိဝတ်စုံ ဝတ်ဆင်ထားတဲ့ တိုင်းတရားသူကြီးကျောက်က ထန်ပါးဝမ်ကိုမြင်‌တော့   မျက်မှောင်ကြုတ်သွား၏။ သူက အမြဲတမ်း တရားမျှတတဲ့ အရာရှိတစ်ယောက်ဖြစ်ခဲ့ပြီး   မကောင်းတဲ့လုပ်ရပ်မှန်သမျှကို မုန်းတီးတဲ့သူ။ ဒါပေမယ့် ထန်လင်က   သူ့ကိုကြိုးကိုင်ပြီး ထန်ပါးဝမ်ကို ချက်ချင်း ကယ်တင်နိုင်သွားတယ်။   ထိုအကြောင်းတွေးမိတိုင်း လည်ချောင်းထဲ တစ်ခုခုခံနေသလိုကို တစ်ဆို့ဆို့ကြီး   ဖြစ်သွားတတ်သွားသည်။ အဲ့ငတိက ကျင်းလင်မြို့ကို နောက်တစ်ကြိမ် လာရဲသေးတယ်ပေါ့လေ!
“ကျောက်တာ့ရန်ကို နှုတ်ခွန်းဆက်ပါတယ်”
ထန်ပါးဝမ်က   အောင်နိုင်သူအပြုံးကြီး ပြုံးထားပြီး သူ့မျက်လုံးထဲက မလိုတမာ စိတ်ယုတ်တွေကိုလည်း   ဖုံးကွယ်မထားပေ။ သူ့ကို အကျဉ်းထောင်ထဲ ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့သူနဲ့ အခု   မျက်နှာချင်းဆိုင်နေရတာ တကယ်စက်ဆုပ်ဖို့ကောင်းတယ်။
“ကျောက်တာ့ရန် ကျုပ်အစေခံကို လာကြည့်လှည့်ပါဦး။ မုယွမ်ယောင်က သူ့ကို   တစ်ဖက်လက်နဲ့ အဆိပ်ခပ်ထားပါတယ်”
တိုင်းတရားသူကြီးကျောက်က   မြေပြင်ပေါ်လဲနေတဲ့ အစေခံကို ကြည့်လိုက်ပြီးနောက် အရာရှိတွေကို စစ်ဆေးဖို့ အမိန့်ပေးလိုက်၏။
“ဘာဖြစ်နေတာလဲ   သွားစစ်ဆေးချေ”

“လူကြီးမင်း ဒီငယ်သားက ဆေးပညာအကြောင်း မသိလို့ ဒီလူအခြေအနေကို   သေချာတပ်အပ် မပြောနိုင်ပါဘူး။ သမားတော်ဖိတ်လိုက်ရင်‌‌ရော လူကြီးမင်း”

ထန်ပါးဝမ်က ဘေးကနေ အေးစက်စက်နှာမှုတ်ရင်း
“ကျောက်တာ့ရန် ဘာတွေများ စစ်ဆေးနေဦးမှာလဲ။ ကျုပ်အစေခံကိုလည်း ကြည့်ပါဦး။ သူ   ပူးရှန့်လုံက လက်ဖက်ရည်တစ်ခွက်သောက်ပြီး အခုလိုဖြစ်သွားတာပဲ။ လူကောင်းတစ်ယောက်က   အခုတော့ သေခါနီးအခြေအနေ ရောက်နေပြီ။ ပူးရှန့်လုံက တမင်သက်သက် လုပ်ကြံမှန်း   အသိအသာကြီးပါ!”
“တိတ်တိတ်နေစမ်း!”
တိုင်းတရားသူကြီးကျောက်က မျက်မှောင်ကြုတ်ပြီး အမိန့်ပေးလာ၏။
“အခုချက်ချင်း သမားတော်သွားပင့်ချေ”

“မလိုဘူး”
မုယွမ်ယောင်က ဖြေးဖြေးချင်း လျှောက်လာသည်။
“ကျောက်တာ့ရန် အဲ့အစေခံက ဟန်ဆောင်နေမှန်း အသိသာကြီးပါ။ သူက   ပူးရှန့်လုံကို အပုတ်ချချင်လို့ ဒီလိုလုပ်နေတာလေ”
“အဓိပ္ပါယ်မရှိလိုက်တာ”
ထန်ပါးဝမ်က မုယွမ်ယောင်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
“မင်း အဲ့လောက်တောင် အကြင်အနာတရား ကင်းမဲ့ရလား။ ငါ့အစေခံကဖြင့်   သေလုနီးပါးတောင်ဖြစ်နေကို မင်းက ဟန်ဆောင်နေတာလို့ စွပ်စွဲနေတုန်းလား။ မင်းပဲ   ဟန်ဆောင်လေ”

တိုင်းတရားသူကြီးကျောက်က ထန်ပါးဝမ်ရဲ့အစေခံကို သေသေချာချာ စစ်ဆေးရင်း   နဖူးကြောတွေ ပိုပြီးတောင် တွန့်လာသည်။ ဒါက ဟန်ဆောင်နေတာနဲ့မတူဘူး။
“အရင်ဆုံး သမားတော်ပင့်လိုက်ရအောင်။ လူ့အသက်နဲ့ သက်ဆိုင်နေတာဆို   လျစ်လျူရှုလို့မရဘူး”
မုယွမ်ယောင်က အစေခံဆီကို တိုက်ရိုက်လျှောက်သွားပြီး ကြည့်နေသည်။
“ဒီကအရာရှိ သူရင်ဘက်ကို တစ်ချက်လောက်နင်းလိုက်။ ဒါဆို ဟန်ဆောင်နေတာလား၊ ဘာလား   ကွဲသွားလိမ့်မယ်”
“မုယွမ်ယောင် မင်း တိုက်ရိုက်ကြီး လူသတ်နေတာပဲ!”
ထန်ပါးဝမ်က ကျယ်လောင်စွာ အော်လာသည်။
“တိုင်းတရားသူကြီးကျောက်လည်း မြင်တယ်မလား။ သူ့ကို မြန်မြန်သာ   ဖမ်းသွားပါတော့။ ခင်များ လူအများကြီးရဲ့ မျက်လုံးအောက်မှာ မုယွမ်ယောင်အပြစ်ကို   ဖုံးဖိပေးလို့မရဘူးနော်”

တိုင်းတရားသူကြီးကျောက်က ထန်ပါးဝမ်ကို အေးစက်စွာ စိုက်ကြည့်ရင်း   မုယွမ်ယောင်ကို ပြောလိုက်သည်။
  “မိန်းကလေးမု ကျုပ် သေချာဖော်ထုတ်ပေးပါ့မယ်။ စောင့်နေပါ”

  Mu Yunyao saw that the official didn’t dare to move, so she turned her head   and called out Liu Liang. “Kick his center of the chest forcefully.”
မုယွမ်ယောင်က အရာရှိတွေ သွားမလုပ်ရဲတာမြင်တော့ နောက်လှည့်ကာ   လျိုလျန်ကို ခေါ်လိုက်သည်။
“သူ့ရင်ဘက်ကို အားပြင်းပြင်းသုံးပြီး ကန်လိုက်”
ဘေးနားကအရာရှိက ချက်ချင်းပဲ လာတားသည်။
“မလုပ်နဲ့...”

ကံမကောင်းစွာနဲ့ လျိုလျန်က သူ့စကားကို အဖက်မလုပ်ဘဲ   မြေပြင်ပေါ်ကအစေခံကို တိုက်ရိုက်ကန်ချလိုက်သည်။

“အား....!”
ခုနကမှ သေတော့မလိုဖြစ်နေတဲ့ အစေခံက သူကန်ပြီးတာနဲ့   မြေပြင်ပေါ်ကနေ ခုန်ထပြီး တံခါးဆီတွားသွားကာ အော့အန်လေသည်။

ထန်ပါးဝမ်က အစကတော့ ဒီကန်ချက်က အစေခံရဲ့အသက်ကို   တိုက်ရိုက်နှုတ်သွားလိမ့်မယ် ထင်ထားတာပင်။ အဲ့လိုသာဆို မုယွမ်ယောင်ကို   ဖမ်းဆီးဖို့ တိုင်းတရားသူကြီးကျောက်ကို တိုက်ရိုက် ဖိအားပေးနိုင်လိမ့်မည်။   သို့ပေမယ့် ကန်ပြီးတာတောင် အသက်ရှင်နေသေးမယ်လို့ မထင်ထားခဲ့။

အစကတော့ တိုင်းတရားသူကြီးကျောက်က မုယွမ်ယောင်ကို စစ်ဆေးဖို့ ပြင်ထားပေမယ့် ထိုအစေခံက တကယ်ကြီး ဟန်ဆောင်နေမှန်း တွေ့လိုက်ရသည်။   သေခါနီးလူတစ်ယောက်က ဘာလိုလုပ် ထခုန်ဖို့ အင်အားရှိမှာတဲ့လဲ။
“ထန်ပါးဝမ် မင်းအစေခံက ပူးရှန့်လုံက လက်ဖက်ရည်ကြောင့် အဆိပ်မိနေတယ်ဆို။   အဆိပ်မိထားတဲ့သူက ဘာလို့အဲ့လောက်တောင် တက်ကြွနေရတာလဲ”

မုယွမ်ယောင်က မင်ယင်းကိုတွဲရင်း တိုင်းတရားသူကြီးကျောက်နား   ရောက်လာ၏။

မင်ယင်းက ဖြူဖျော့နေတဲ့ မျက်နှာနဲ့ အရိုအသေပေး၏။ သူမအသံကလည်း   သူမခံစားနေရတဲ့ နာကျင်မှုတွေကို ဖော်ပြနေသည်။
“ကျောက်တာ့ရန် ကျွန်မအတွက် တရားမျှတမှုရှာပေးပါ!”

“မင်းမှာ ဘာနစ်နာချက်တွေရှိတာလဲ ပြောပါ”

“လူကြီးမင်းကိုတင်ပြပါတယ်။ ထန်ပါးဝမ်ရဲ့စရိုက်က   လုံးဝမပြောင်းလဲပါဘူး။ သူက ကျွန်မကို အခွင့်အ‌ရေးယူပြီး စနောက်တဲ့အပြင် အဆိပ်ခတ်ပါတယ်ဆိုပြီးလည်း   စွပ်စွဲပါသေးတယ်။ ကံကောင်းလို့ မိန်းကလေးမုက ဆေးပညာတတ်ကျွမ်းပြီး   အဲ့အစေခံရဲ့ပရိယာယ်ကို မြင်နိုင်လို့ပေါ့။ မဟုတ်ရင် ကျွန်မရဲ့ အပြစ်ကင်းမှုကို   သက်သေပြနိုင်တာ သေဆုံးခြင်းပဲရှိလိမ့်မယ်”

လူ့အသက်နဲ့ဆိုင်လို့ တိတ်နေကြတဲ့ ဧည့်သည်တွေက ချက်ချင်း တက်ကြွလာကြသည်။   သူတို့က မင်ယင်းနဲ့ ထန်ပါးဝမ်တို့ကြား ဖြစ်ပျက်ခဲ့တာတွေကို တိုင်းတရားသူကြီးကျောက်ဆီ   ခရေစေ့တွင်းကျ ပြန်တင်ပြကြသည်။
“ကျောက်တာ့ရန် ထန်ပါးဝမ်က တခြားသူတွေကို အနိုင်ကျင့်ပြီး မိန်းကလေးမုက   သူ့ကိုသတ်ပြီး မင်ယင်းကို အဆိပ်ခတ်ခိုင်းတယ်ဆိုပြီး မလျှော့တမ်းပြောနေတာ   ကျွန်တော်တို့အားလုံး သက်သေခံပေးနိုင်ပါတယ်။ ဘာအဆိပ်မှမရှိတာကို ဘယ်လိုလုပ် လူသတ်တယ်ဖြစ်မှာလဲ။   သူ့အကြံယုတ်တွေပဲနေမှာ။ အရင်တစ်ခေါက်က ချိုက်ချင်းကို ကိုယ်လုပ်တော်လုပ်ဖို့   ဖိအား‌ပေးတုန်းကလည်း အငြင်းခံလိုက်ရတော့ အာဃာတ ထားသေးတယ်လေ။ ဒီတစ်ခါလည်း   နည်းလမ်းဟောင်းပဲ ထုတ်သုံးပြန်ပြီ။ မင်ယင်းကိုသုံးပြီး မိန်းကလေးမုကို   ချောက်ချချင်တယ်ပေါ့ အတွေးတွေက တော်တော်ယုတ်မာတာပဲ!”

“ဟုတ်တယ် ဒီ‌လောက်အရှက်မဲ့တဲ့သူ မမြင်ဖူးပါဘူး။   အရင်တစ်ခေါက်ကလည်း အပြစ်မဲ့တဲ့သူကို အတင်းစွပ်စွဲသေးတာ။ အခုလည်း တအားတွေ ယုံကြည်ချက်ရှိပြနေသေးတာ။   ကျင်းလင်မြို့မှာ တရားမျှတကို ရှာပေးမယ့်သူ မရှိဘူးများ ထင်နေတာလား”

“ထန်ပါးဝမ်က တကယ်စက်ဆုပ်စရာအပြစ်ကို ကျူးလွန်ထားတာပဲ...”

“မင်းတို့အားလုံး ပါးစပ်ပိတ်ထားစမ်း!”
ထန်ပါးဝမ်က မျက်လုံးနီကြီးနဲ့ ‌ဒေါသတကြီး အော်ဟစ်လာသည်။
“မင်းတို့ဘာသိလို့လဲ။ မင်းတို့က မုယွမ်ယောင်ကို ကာကွယ်ပေးဖို့   ရောက်နေကြတာ။ အခုလေးတင် မုယွမ်ယောင် ဘာလှည့်ကွက် သုံးလိုက်မှန်း ဘယ်သူသိမှာလဲ။   ငါ့အစေခံက တကယ်အဆိပ်မိနေတာ။ သူသောက်နေတဲ့ လက်ဖက်ရည်က စားပွဲပေါ်မှာပဲ ရှိသေးတယ်။   စစ်ဆေးကြည့်ရင် ဘယ်သူလိမ်နေတာလဲ သိရမှာပဲ”

တိုင်းတရားသူကြီးကျောက်က မုယွမ်ယောင်ကို လှမ်းကြည့်လိုက်သည်။   သူမက အပြုံးဖျော့ဖျော့နဲ့ တည်ငြိမ်စွာ ပြောလာ၏။
“ဒီလိုဆိုမှတော့ ကျွန်မ သမားတော်ပင့်ပြီး ကြည့်ခိုင်းလိုက်မယ်။ နေခင်း   လင်းလင်းချင်းချင်းကြီးမှာတော့ အဖြူကို အမည်းလို့ စွပ်စွဲလို့မရနိုင်ပါဘူး”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now