"ဝုန်း!"
သန့်လွင်ဦးရဲ့စားပွဲပေါ်သို့ဝုန်းခနဲကျရောက်လာသော လက်နှစ်ဖက်။ဒီလိုရမ်းရမ်းကားကားနှင့် အခန်းထဲထိ တဇွတ်ထိုးဝင်လာရဲသူသည် တစ်ယောက်တည်းသာရှိသည်ဆိုတာကို မော့မကြည့်ဘဲနဲ့ သိတဲ့နောက်
"ဒီမှာ..မင်းဒီလို ..."
ရေးလက်စစာတမ်းကလည်း မပြီးသေးရာ စိတ်မကြည်နေတဲ့ သန့်လွင်ဦးတစ်ယောက် စိတ်တိုတိုနှင့် ထငေါက်ဖို့ ပြင်လိုက်ပေမဲ့ စကားပင်မဆုံးလိုက်။ ရင်ဆိုင်လိုက်ရသည်က အဲရစ်စ်လင်းရဲ့ အပြာရောင်မီးလျှံတွေတောက်ပနေတဲ့ မျက်ဝန်းများ။
"ခင်ဗျားပြောတော့ ဘာပြသနာမှမရှိဘူးဆို.."
ရန်ပြန်တွေ့ဖို့ ပြင်နေတဲ့ သန့်လွင်ဦးသည် ရုတ်တရက် စကားအစရှာမရဖြစ်သွားရသည်။
"ဟမ်။ ဘာမှမဖြစ်ပါဘူးဆို။ ဘာပြသနာမှမရှိပါဘူးဆို။ အခုကျွန်တော်ဘယ်လိုနေနေ မပြီးတော့ဘူး။ သိရဲ့လား!နားလည်လား!ဟမ်!"
အစမရှိ အဆုံးမရှိနဲ့ ဘာတွေလာပြော။ ပြီးတော့ ဘာကိုပြီးတာလဲ။ မပြီးတာလဲ။ သန့်လွင်ဦး နားမလည်နိုင်တော့။
"ခ..ခဏလေး..။"
အဲရစ်စ်လင်းရဲ့ ဒေါသမှာ ဘရိတ်မပါတာသိတဲ့တိုင် သန့်လွင်ဦးမှာ နားမလည်လျှင် ဘယ်လိုဖြေရှင်းရမှန်း မသိနိုင်တာမို့ မနည်းကြီးတားရသည်။ ဒါကိုတောင် အဲရစ်စ်လင်းသည် စိတ်မရှည်နိုင်ပုံဖြင့် ဟင်းခနဲ သက်ပြင်းရှည်ကြီးတောင်ချလိုက်သေးသည်။
"မင်းသေချာရှင်းပြမှပေါ့ ငါနားလည်မှာပေါ့ဟ။ သေချာ မပြောဘဲ ငါဘယ်လိုသိမလဲ။"
"ဟာ..ကျစ်စ်။ ကျွန်တော်မပြီးတော့ဘူးလို့။ ဟိုကိစ္စလုပ်တာ မပြီးတော့ဘူးလို့။"
အဲရစ်စ်လင်းသည် အံကြိတ်ထားတဲ့အသံကြီးနှင့် ကြိတ်မနိုင်ခဲမရပြောလာလေသည်။ သန့်လွင်ဦးသည် နောက်ခုံမှာနောက်မှီလိုက်ပြီး တော်တော်ကြီး စဉ်းစားလိုက်မိသေးသည်။ သြော်။ သူဆိုလိုချင်တာက ဟိုလိင်ဆက်ဆံတာကို ပြောချင်တာလား။
"ဘယ်လိုဖြစ်တာလဲ။ အပြည့်အဝမထောင်နိုင်တာလား။ အနောက်က မစိုလာတာလား။ ဘယ်လိုလဲ။ ဒီနားလာ။ ငါသေချာစမ်းကြည့်မယ်။"
