ကားမှတ်တိုင်မှာ တစ်ယောက်တည်းရပ်ပြီးကျန်ရစ်ခဲ့တဲ့ ထိုကောင်လေးဆီမှ အကြည့်လွှဲလိုက်ပြီး သန့်ပိုင်နှုတ်ခမ်းမှာ ခပ်မဲ့မဲ့အပြုံးကပေါ်လာလေသည်။ သူလိုချင်တာရပြီးပြီဆိုလျှင် ပစ်ချဖို့ဝန်မလေးတတ်တဲ့ဆရာနဲ့ တွေ့ရင်ဒီဒဏ်လောက်ကတော့ ခံရတာပဲ။ နာမည်ကြီးBeta မော်ဒယ်တွေတောင် တစ်ခါလောက်တွေ့ပြီးတာနဲ့ Ghost ပစ်လိုက်တာတို့ ၊ အိပ်ပြီးတာနဲ့ ထွက်သွားတို့ အဲ့လိုပုံစံမျိုးတွေနဲ့ ချေချခံလာရတာ။ သူ့လိုမဖြစ်စလောက် Alpha ပေါက်စလေးကို နှစ်ခါထက်ပိုတွေ့တယ်ဆိုတာကတင် အဲ့ကောင်လေးတော်တော်ကံကောင်းနေတာ။
"သန့်ပိုင်.."
အတွေးလွန်နေဆဲ သန့်ပိုင်မှာ ဆရာ့ခေါ်သံကြားမှသတိဝင်လာရသည်။
"ဟုတ်ကဲ့..ဆရာ.."
"ငါသူ့ကို အဲ့လိုတစ်ယောက်တည်းထားခဲ့လိုက်တာ နည်းနည်းလွန်သွားလား.."
"....."
သန့်ပိုင်မှာ ပြောစရာစကားလုံး ပျောက်ရှသွားလေသည်။ ပြောတော့ မဖြစ်မနေမို့ ဒီတိုင်းပတ်သက်ထားတဲ့ ဆက်ဆံရေးပါဆို...?
"အိမ်ထိလိုက်ပို့ခဲ့လိုက်သင့်တာလား။"
အရင်တွဲတဲ့ Beta တွေတုန်းကဆို လုပ်ပြီးတာနဲ့ ကားပေါ်ကနေ ကန်ချခဲ့တာဆို...?ဘာမှပြန်မဖြေဘဲ အီလည်လည်မျက်နှာပေးဖြင့်သာ လှမ်းကြည့်နေတဲ့ သန့်ပိုင်ကြောင့် ဆရာလည်း စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။
"ထားလိုက်ပါ..ဒီအရွယ်ကြီးရောက်နေပြီ။ အိမ်ကတော့ပြန်တတ်မှာပဲ။ ပို့ရအောင်လမ်းလည်းမကြုံဘူးမလား။"
ကိုယ်တိုင်ရဲ့စိတ်မလုံခြုံမှုတွေကို တစ်ဖက်လူဆီကအကြောင်းပြချက်နဲ့ ဖာထေးလို့ရမလားဆိုတဲ့ဟန်ဖြင့် ဆရာကလှမ်းမေးသည်။ သန့်ပိုင်မျက်နှာပေးကတော့ အီလည်လည်ဖြစ်နေဆဲသာ။ သူ့အိမ်ကိုလမ်းကြုံမကြုံက ကျွန်တော်ကဘယ်လိုလုပ်သိမလဲ။ အဲ့ကောင်လေးနဲ့တွေ့တာမှ တစ်ရက်လောက်ပဲရှိသေးတာလေ။
"ထားလိုက်တော့..ဒါနဲ့ ဘာ။ ရုံးကိုဖိတ်စာရောက်တယ်။ ဟုတ်လား။ NLHR ပါတီကလား။"
