Part-1-Zawgyi

1.3K 17 0
                                    

လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်ခန့်က ကမ္ဘာကြီးမှာ သားရဲတိရစ္ဆာန်တွေထဲက တစ်ခုဖြစ်တဲ့ ၀ံပုလွေမျိုးနွယ်စုရဲ့ ဗီဇကို ယူပြီး လူသားမျိုးနွယ်စုဆီမှာ စမ်းသပ်ခဲ့ကြတယ်။ မူရင်းစမ်းသပ်ချက်က ၀ံပုလွေမျိုးနွယ်စုရဲ့ သန်မာတဲ့အင်အားနဲ့ ရာသီဥတုဒဏ်ခံနိုင်ရည်စွမ်းတွေကို လူသားမျိုးနွယ်စုဆီမှာ လက်ဆင့်ကမ်းနိုင်မလားဆိုတဲ့ အကြံနဲ့။ ဒါပေမဲ့ စမ်းသပ်ချက်မအောင်မြင်ခင်မှာပင် အစမ်းသပ်ခံလူသားတွေကနေတဆင့် ဓာတ်ခွဲခန်း ၀န်ထမ်းကို ကူးစက်သွားခဲ့ပြီး ဗိုင်းရပ်စ်ပိုးတစ်ခုလို တခြားလူထုတွေကို ကပ်ရောဂါတစ်ခုအသွင်နဲ့ လျှင်မြန်စွာနဲ့ကူးစက်သွားခဲ့တယ်။ ခန္ဓာကိုယ်တွင်း ဗီဇဖောက်ပြန်ပြောင်းလဲတဲ့ ဒဏ်တွေကို လူသားတွေအလူးအလဲ ခံစားခဲ့ရပြီး ကပ်ရောဂါကြီးပြီးဆုံးသွားတာနဲ့အတူ လူတွေဟာ Pheromone ဆိုတဲ့ထူးခြားတဲ့ အငွေ့အသက်ကို ထုတ်လွှတ်လာနိုင်ခဲ့တယ်။ အဲ့နောက်မှာ လူနေမှုအဖွဲ့အစည်းထဲမှာ လူတန်းစားအလွှာသုံးလွှာဟာ ဖြစ်တည်လာခဲ့တယ်။ အဲ့တာက

-Alpha
-Beta
-Omega

Alpha

ခန္ဓာကိုယ်ထွားကျိုင်းပြီးမွေးရာပါအင်အားကြံ့ခိုင်တဲ့သူတွေဟာ ဗိုင်းရပ်စ်ကူးစက်တဲ့ ဒဏ်ကို ရက်ပိုင်းမျှသာ ခံစားခဲ့ရပြီး လျှင်လျှင်မြန်မြန်ပဲ Recover ဖြစ်ကြတယ်။ Recover ဖြစ်သွားတဲ့အခါမှ အဆုံးမရှိတဲ့ ကြံ့ခိုင်တဲ့ ခွန်အားတွေကိုလက်ခံရရှိပြီး သူတို့ဟာမျိုးပွားခြင်းဖြစ်စဉ်မှာ ဦးဆောင်ကြသူတွေဖြစ်လာကြတယ်။

အားနည်းချက်။ ။ Rut ကာလတွင် ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်လျှင် နာကျင်မှုဒဏ်ကို အလူးအလဲခံစားရခြင်း။

Beta

ဒီလူအုပ်စုဟာ ဗိုင်းရပ်စ်ဒဏ်ကို အထိုက်အသင့်ခံစားရပြီးတဲ့နောက်မှာ Alpha အုပ်စုနည်းတူပဲ Recover ဖြစ်သွားကြတယ်။ Alpha နည်းတူ ကြံ့ခိုင်တဲ့ခွန်အားတွေ သန်မာမှုတွေကို လက်ခံရရှိတယ်။ ဒါပေမဲ့ သူတို့ဟာ Pheromone တွေကိုထုတ်လွှတ်ပေးနိုင်ခြင်း၊ တုံ့ပြန်ခြင်းမရှိတော့ဘူး။ အဲ့အကျိုးဆက်ကြောင့်ပဲ မျိုးပွားခြင်းဖြစ်စဉ်ကို မဆောင်ရွက်နိုင်တော့ဘူး။ သာမန်Beta တစ်ယောက်ဟာ ကိုယ်ဝန်မျိုးစေ့ကိုလည်း ချပေးနိုင်စွမ်းမရှိတဲ့အပြင် ကိုယ်တိုင်ကိုယ်ဝန်ဆောင်ခြင်းဖြစ်စဉ်ကိုလည်း မဆောင်ရွက်နိုင်ကြပါဘူး။

ANTI ALPHAWhere stories live. Discover now