Part-10-Unicode

2.6K 290 43
                                        

အနက်ရောင်နှင့်အဖြူရောင်ကို အချိုးကျရောစပ်ထားတဲ့ နံရံထက်တွင် အဲရစ်စ်လင်းရဲ့ ပုံတူပန်းချီက နံရံအပြည့်နီးပါး မိန့်မိန့်ကြီးနေရာယူလျက်ရှိသည်။ ထိုပုံတူပန်းချီရှေ့မှာတော့ ရထားခဲ့တဲ့ ဆုတွေဟာ တန်းစီလျက်။ တစ်နေရာမှာလှဲလျောင်းလျက် လက်ချောင်းသွယ်သွယ်တွေဟာ နှုတ်ခမ်းနားတဝိုက်နေရာယူထားပုံမှာ အနုစိတ်ကာ လက်ရာမြောက်လွန်းလှသည်။ ရီဝေဝေအပြာရောင်တောက်တောက် မျက်ဝန်းတွေဟာတော့ ဓာတ်ပုံထဲမှာပင် အသက်ဝင်လျက် စိုက်ကြည့်နေသည့်နှယ်။ ထိုပန်းချီရှေ့မှောက်မှာပင် အရိပ်တစ်ခုကတော့ခပ်သွက်သွက် ဟိုပြေးဒီပြေး လှုပ်ရှားလျက်ရှိလေသည်။

ဘယ်မှာလဲ..အဲ့တာဘယ်မှာလဲ..

မိုးထက်မိုရ်စိတ်ထဲကနေတီးတိုးနေရွတ်ရင်း တစ်နေရာပြီးတစ်နေရာသို့ ကူးပြောင်းကာ အလျင်အမြန်လှုပ်ရှားနေသည်။ ဗီရိုတွေထဲကြည့်သည်။ မတွေ့။ အံဆွဲတွေထဲရော၊ ကုတင်အောက်ချောင်တွေရော၊ အဲရစ်စ်လင်းရဲ့ ဓာတ်ပုံမှန်ဘောင်တွေထဲကအစ ရှာကြည့်သည်။ လုံးဝမတွေ့သေး။ မိုးထက်မိုရ်မှာ ရှာရင်းဇောချွေးတွေပါ ပြန်လာလေသည်။

တစ်နေရာရာမှ ရှိကိုရှိမှာ...ပြီးတော့ ရှာတွေ့မှလည်းဖြစ်မှာ..ဒီအခွင့်အရေးဆိုတာ နှစ်ခါပြန်မရနိုင်ဘူး။

မိုးထက်မိုရ်ရှာရင်းနောက်ဆုံး ကုတင်ဘေးက အံဆွဲတွေကိုပါ ဆွဲဖွင့်လိုက်သည်။ နာရီတွေ၊ နက်ခ်တိုင်တွေကို သေချာသပ်သပ်ရပ်ရပ်စီထားသည်နှင့်အတူ ကြားထဲညှပ်ထားတဲ့ အနက်ရောင်ပိုက်ဆံအိတ်တစ်ခုပါ တွေ့လိုက်လေသည်။

ပိုက်ဆံအိတ်ထဲမှာများ ညှပ်သိမ်းထားတာလား။

မိုးထက်မိုရ်စိတ်ထဲကတွေးရင်း ပိုက်ဆံအိတ်ကိုပါကောက်ယူပြီး အထဲကိုဆွဲဖြဲကာ သေချာပြူးပြဲကြည့်လိုက်သည်။

မှန်း..ညပ်နေတာများလား..

ချောင်တွေမှာများ ညပ်သိမ်းထားမလားလို့ စစ်ကြည့်မလို့ အိတ်ထဲက တစ်သောင်းထပ်အထပ်လိုက်ကိုပါ ဆွဲထုတ်လိုက်တဲ့အချိန်မှာပင် နောက်ကပေါ်လာတဲ့အသံတစ်ခုက မိုးထက်မိုရ်ရဲ့ကျောကို တွန့်ခနဲဖြစ်သွားစေသည်။

ANTI ALPHAWhere stories live. Discover now