Part-26-Unicode

1.4K 210 34
                                    

"တောင်.."

တောင်ခနဲအသံမြည်လာတဲ့ ဖုန်းကြောင့် အဲရစ်လင်း ဖုန်းကိုလှမ်းယူလိုက်သည်။ အလိုက်သိတဲ့ Stylist သည် ဆံပင်ပြင်ပေးရာမှ အသာရှောင်ပေးလေသည်။ ရောက်နေတဲ့ Message လေးကတော့ ထုံးစံအတိုင်း မိုရ်လေးဆီက။

ကျွန်တော်အလုပ်ရောက်ပြီနော်။ ခုပဲရောက်တာ။><

ထိုစာတိုလေးကိုကြည့်ရင်း အဲရစ်လင်းပြုံးလိုက်မိသည်။ အတူနေဖြစ်ပေမဲ့ ခုနောက်ပိုင်းSchedule တွေကြပ်လာတော့ အရင်လို သူ့ကို အမြဲလိုက်ပို့လိုက်ကြို မလုပ်နိုင်တော့။ ညဘက်အိပ်ချိန်အပြင် မတွေ့ဖြစ်ကြတဲ့ သူတို့နှစ်ယောက်အတွက်တော့ တနေကုန်ဝေးနေသမျှအတိုင်းအတာတွေအတွက် ခုလိုစာအဆက်အသွယ်လေးနှင့်သာ အလွမ်းဖြေရသည်။

အင်း..ကိုယ်လည်းခဏနေရင် ရှုတင်စတော့မှာ..နေ့လည်စာစားတာအရမ်းနောက်မကျစေနဲ့နော်..

ဟုတ်..ခဏနေရင် အစ်မတစ်ယောက်နဲ့ အင်တာဗျူးလိုက်သွားရမှာ..အဲ့တာပြီးရင်စားလိုက်မယ်.. ဒါနဲ့နေ့တဝက်ပဲရှိသေးတယ်..ကျွန်တော်ကိုကို့ကိုလွမ်းနေပြီ..T_T

အနားမှာမိတ်ကပ်ပြင်ပေးနေတဲ့ လူတွေရှိနေတာကိုပင် ဟန်မဆောင်နိုင်ဘဲ အဲရစ်လင်းရဲ့ မျက်နှာမယ် အပြုံးကြီးကထွက်ပေါ်လာလေသည်။

ညနေကိုယ်နည်းနည်းစောပြီးတယ်ဆိုရင် မုန့်သွားစားကြမယ်လေနော်..ခုအလုပ်ထဲအာရုံစိုက်ဦး..

ဟုတ်..><

မုန့်စားရမယ်ဆိုတော့ ပျော်သွားတဲ့ရုပ်ကလေးများ။ အဲရစ်လင်းနောက်ထပ် စာတစ်ကြောင်းထပ်ရိုက်ဖို့ ပြင်လိုက်မိသေးသည်။ သို့သောကျွီခနဲမြည်လာတဲ့တံခါးနောက်က အရိပ်တစ်ခုက အခန်းထဲဝင်လာချိန်မှာတော့ ချက်ချင်း ဖုန်းကို စားပွဲပေါ်ပြန်တင်လိုက်ရသည်။

ဘော့စ်ဖြစ်တဲ့ မြတ်ကေသရီကိုတောင် အဲရစ်လင်း သောက်ဖက်မလုပ်ဘဲ နေလာတာ။ တလောကလုံးမှာရှိနေတဲ့လူတွေကိုလည်း ဂရုမစိုက်လို့ရသည်။ အဲရစ်လင်းဘာလုပ်လုပ် မျက်စိဒေါင့်ထောက်ကြည့်နေတဲ့ သန့်ပိုင်ကိုတော့ ဂရုမစိုက်လို့မရပေ။

ANTI ALPHADonde viven las historias. Descúbrelo ahora