Part-32-Unicode

1.7K 223 25
                                        

နာမည်ကြီးဟိုတယ်တစ်ခုရဲ့ သီးသန့်စားသောက်ခန်းတစ်ခုထဲတွင် Alphaအမျိုးသားသုံးယောက်နှင့် Omega အမျိုးသမီးတစ်ယောက်ရှိလို့နေလေသည်။ သူတို့ရှေ့ကစားပွဲဝိုင်းတစ်ခုပေါ်မှာတော့ ဟိုတယ်ရဲ့နာမည်ကြီးဟင်းလျာတွေကို ခမ်းနားစွာပြင်ဆင်ထားသည်။ သီးသန့်စားသောက်ခန်းဖြစ်သည့်အားလျော်စွာ Privacy ကိုအလေးထားသည်မို့ အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ စားပွဲထိုးအမျိုးသမိးလေးသည် ဝိုင်တစ်ပုလင်းကို ချပေးပြီးသည်နှင့် လျှင်လျှင်မြန်မြန်ပင် အခန်းထဲကပြန်ထွက်သွားလေတော့သည်။ ထိုင်နေတဲ့ တစ်ဦးတည်းသောအမျိုးသမီးဖြစ်သူ ဒေါ်စောမြတ်နွယ်ကတော့ ဝိုင်ကိုငှဲ့ထည့်ဖို့ အဆင်သင့်ဖြစ်နေပြီ။ အခု အနားမှာရှိနေတဲ့သူတွေအကုန်လုံးက လွှတ်တော်ထဲမှာကာလကြာရှည် ထိုင်ခုံကိုအပိုင်သိမ်းထားနိုင်တဲ့ UABO ပါတီရဲ့အထက်ပိုင်းအမှုဆောင်အဖွဲ့ဝင်တွေလေ။ ဒီလောက်ကတော့ သိတတ်မှရမှာပေါ့။

"ရှယ်ပဲဟေ့။ ပေ့ခ်ျကညတွင်းချင်းကို Like သိန်းချီသွားပြီ။ "

ဖုန်းကိုကောက်ဖွင့်ကာ Social Media App ကိုဖွင့်ကြည့်ပြောလာတဲ့ တစ်ယောက်က အင်မတန်ဝမ်းသာအားရနေတဲ့ အသံဖြင့်ပြောသည်။

"Social Media တစ်ခုလုံးလည်းအဲ့သတင်းပဲပြန့်နေတာ မဟုတ်လား။ ဒီတစ်ခါငါတို့ရွှေ့တဲ့အကွက်က တကယ်မိုက်သွားပြီ။ဟားဟား။"

"ဒါနဲ့ဒီလောက်ဖြစ်နေတာတောင် အဲရစ်လင်းကပေါ်မလာဘူးပဲ။"

"ဒီလိုဆိုရင်တော့ ဒီသတင်းကအမှန်လို့သတ်မှတ်လိုက်ရမလားနော်။"

"အမှန်ဟုတ်လား မဟုတ်လားကတော့ စောမြတ်နွယ်သိမှာပေါ့နော့်။"

သူတို့အချင်းချင်းစကားပြောနေရင်း ကိုယ့်နာမည်ပါလာတော့မှ ​ဝိုင်လိုက်ဖြည့်နေတာကို လတ်စသတ်လိုက်ကာ ဒေါ်စောမြတ်နွယ်က နှုတ်ခမ်းတွန့်ရုံလေးပြုံးလိုက်လေသည်။

အနားက Alpha တွေကတော့ စောမြတ်နွယ်နှုတ်ကဘယ်လိုအဖြေထွက်လာမလဲဆိုတာကို စောင့်ဆိုင်းနေတဲ့ဟန်ဖြင့်။

ဘာပဲဖြစ်ဖြစ်ပါ။ အဲ့သတင်းက မှန်တယ် မမှန်ဘူးဆိုတာကို ဘယ်သူက ဂရုစိုက်နေမှာမို့လဲ။ လူထုရဲ့အမြင်ကို အားကိုးပြီး အလုပ်လုပ်တဲ့သူတိုင်းမှာ ချစ်တဲ့သူရှိသလိုမုန်းတဲ့သူလည်းရှိတယ်။ ချစ်တဲ့သူတွေအကုန်လုံးက ဝိုင်းဝန်းပြီးပစားနေကြတဲ့အချိန်မှာ မုန်းတဲ့သူတွေက အခါအခွင့်သင့်တာနဲ့ ရိုက်ချဖို့ စောင့်ဆိုင်းနေကြတာလေ။ စောမြတ်နွယ်က အဲ့တစ်ကွက်ကိုဖန်တီးပေးလိုက်ရုံလေးပဲရှိတာပါနော်။

ANTI ALPHAOpowieści tętniące życiem. Odkryj je teraz