Part-13-Unicode

1.6K 209 30
                                    

ရှေ့မှာရှိနေတဲ့ကွန်ပျူတာထက်က စာတမ်းကို အပြီးသတ်နေရင်း အကင်းပါးလွန်းတဲ့နားက ချောက်ခနဲ အသံတစ်ခုကို ကြားလိုက်ရသည်။ ခေါင်းထောင်ကာ မော့ကြည့်ချိန် သန့်လွင်ဦးရဲ့နှုတ်ခမ်းပါးတို့က ကွေးညွတ်သွားရလေသည်။

"ဟာ့..ဘယ်ကလှည့်လာတာလဲ။"

နှာတံထက်ကမျက်မှန်ကို ပင့်ကာ လှမ်းနှုတ်ဆက်လိုက်တဲ့ သန့်လွင်ဦးရဲ့ အသံကရွှင်ရွှင်မြူးမြူးပင်။ ဒီဧည့်သည်တော်သည် တခြားသောအာရုံနောက်စရာ တစ်ယောက်သောသူမဟုတ်ခဲ့။

"ဒီတိုင်းယူ့ဆီသက်သက်ပဲပေါ့။ ဘာလဲ။ မလာရဘူးလား။"

အညိုရောင်စတိုင်ပန်ဘောင်းဘီနှင့် အပေါ်ကုတ်ကိုစမတ်ကျကျဝတ်ဆင်ထားတဲ့ ထိုအမျိုးသမီးသည်ရိုးရိုးရှင်းရှင်း ဒေါက်ဖိနပ်ခပ်ပါးပါးတစ်ရံကိုသာ ဝတ်ထားလေသည်။ သို့သော် သူမရဲ့ခြေလှမ်းများသည် စမတ်ကျကာ သွက်လက်နေဆဲ။ မျက်နှာမှာမိတ်ကပ်ပါးပါးနှင့် အညိုဖျော့ဖျော့ နှုတ်ခမ်းနီသာသုံးထားသော သူမသည် သာမန်ကာလျှံကာမျှပြင်ဆင်ထားခြင်းဖြစ်သော်လည်း အညိုရောင် မျက်ဝန်းတွေဟာတော့ ယုံကြည်မှုအပြည့်နှင့် တောက်ပရွှန်းလဲ့လို့နေသည်။

"ဒီအချိန်က မင်းအရမ်းအလုပ်များနေမဲ့အချိန်လေ။ အဲ့မို့မေးကြည့်တာပါ။"

ထိုအမျိုးသမီးသည် သန့်လွင်ဦးရဲ့ စကားကို အပြုံးတစ်ချက်ဖြင့်သာတုံ့ပြန်ရင်း စားပွဲကိုမှီရုံမှီထားကာ လက်ပိုက်ရပ်လိုက်သည်။ ထိုသူက တခြားမဟုတ် သန့်လွင်ဦးရဲ့ ငယ်သူငယ်ချင်းတစ်ဖြစ်လဲ NLHR (National League of Human Rights- အမျိုးသားလူ့အခွင့်အရေးပါတီ) အဖွဲ့ဝင် ဒေါ်ရတနာသက်လှယ် ပင်ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် Congratulations။"

လက်ဆွဲနှုတ်ဆက်ဖို့ လက်ကိုရှေ့ထိုးပေးတော့ ပြန်ရလိုက်သည်က လက်ဖဝါးကိုဖြောင်းခနဲရိုက်သွားခြင်းသာ။ သန့်လွင်ဦးသဘောတကျရယ်လိုက်မိတဲ့အချိန် ဂုတ်ဝဲလောက် အညိုရောင်ဆံပင်လေးတွေကို ဝဲသွားတဲ့အထိ တစ်ချက်ခါလိုက်ရင်း ထိုအမျိုးသမီးက ငါပါ..ဒီလိုပဲဖြစ်နေရမှာပေါ့ဆိုတဲ့ အကြည့်နှင့် ကြည့်လေသည်။ မဲဆန္ဒနယ်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံလိုက်ရသော ပါတီအဖွဲ့ဝင်သည် သူရဲ့လုပ်နိုင်စွမ်းအပေါ် အလွန်အင်မတန် ဂုဏ်ယူနေသော မျက်နှာထားဖြင့်။

ANTI ALPHAWhere stories live. Discover now