Part-29-Zawgyi

143 0 0
                                    

အိမ်ကိုပြန်​ရောက်​ရောက်ချင်း​စောင့်ကြို​နေသည်က တံခါးဝမယ် တန်းစီရပ်​နေတဲ့အိမ်​စေ​တွေ။ အများစုက​တော့ မိုးထက်မာန်ကို ဦးညွတ်ကာ နှုတ်ဆက်ကြပြီး ထိုထဲမှတစ်​ယောက်က​တော့ ဖိနပ်ကို တရိုတ​သေဖြင့် ​ကောက်ယူကာ စင်​ပေါ်သွားထား​ပေးသည်။ ဧည့်ခန်းကို​ရောက်တဲ့အချိန်မှာ​တော့ ​နောက်ထပ် ​စောင့်ကြို​နေသူက ညီမဖြစ်သူ မိုးထက်လှိုင်။

ဖက်ရှင်ဒီဇိုင်နာပီသစွာပဲ အိမ်​နေရင်းမှာတင် မိုးထက်လှိုင်သည် ဒူး​​အောက်​လောက်ထိ ရှည်တဲ့ စကတ်အနက်​ရောင်အရှည်နှင့် အ​ပေါ်က ပုခုံးတစ်ဖက်ပြတ်အင်္ကျီကို ၀တ်ထား​လေသည်။ အနီ​ရောင်ဆံပင်ရှည်​တွေကို​တော့ အရင်လိုစည်း​နှောင်မထားဘဲ ပုခုံးတစ်ဖက်သို့ ခပ်​လျှော​လျှောချထားသည်။ ​ရှေ့မှာတီဗွီက​တော့ဖွင့်ထား​ပေမဲ့ ထိုတီဗွီအ​ပေါ်စိတ်ဝင်စားဟန်​တော့မရှိပါ။

မိုးထက်မာန်သည်အသံတိတ်ပင် ညီမဖြစ်သူအနားသို့ ၀င်ထိုင်လိုက်​လေသည်။ ဂျာနယ်တစ်​စောင်အ​ပေါ်စိတ်​ရောက်​နေတဲ့ မိုးထက်လှိုင်ဟာ ရင်းနှီး​နေပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ Pheromone အနံ့​ကြောင့်ဆတ်ခနဲ ​ခေါင်း​ထောင်လာ​​​လေသည်။ တ​နေကုန် အပြင်ထွက်​နေတဲ့​နောက် အိမ်ပြန်ချိန်ဆို ​ရေ​မွှေးနံ့​တွေကလည်း ပြယ်ကုန်​လေပြီ မဟုတ်ပါလား။

"ထူးထူးဆန်းဆန်း ပြန်​ရောက်တာ​စောလှချည်လား။ ​နောက်ကျမယ်လို့ ထင်ထားတာ​လေ။"

သာမန်ကာလျှံကာ တစ်ချက်မျှသာ​မော့ကြည့်ပြီး ဂျာနယ်ကိုပြန်ဖတ်​နေတဲ့ မိုးထက်လှိုင်ေ​ကြာင့် မိုးထက်မာန် မခံချိမခံသာဖြစ်သွားသည်။

"ဘာကိုကြည့်ပြီး ​နောက်ကျမယ်လို့ ​ဝေဖန်လိုက်တာလဲ။"

ညီမဖြစ်သူဆီက စူးစမ်းတဲ့အကြည့်တစ်ခုကို မိုးထက်မာန်လက်ခံရရှိလိုက်သည်။ ပြီး​နောက် မိုးထက်လှိုင်သည် ချက်ချင်းပင် ကုန်းထလာပြီး မိုးထက်မာန်ဆီသို့ ​ခေါင်းစိုက်လာ​တာမို့ မိုးထက်မာန်ပင် အနည်းငယ်တွန့်သွားသည်။

"တခြားPheromone နံ့က​တော့စွဲမလာဘူးပဲ။"

နှာ​ခေါင်း တရှုံ့ရှုံ့ဖြင့် ​ကျေနပ်​လောက်တဲ့အထိ အနံ့ခံပြီးမှ မိုးထက်လှိုင်က ပြန်ငြိမ်သွား​လေသည်။ စပ်စပ်စုစုနိုင်လှတဲ့ ညီမဖြစ်သူရဲ့အပြုအမူအတွက် မိုးထက်မာန်ဟက်ခနဲသာ ရယ်လိုက်မိ​တော့သည်။ ဘယ်လိုလုပ်ပြီး အနံ့စွဲမတဲ့လဲ။ ​ကော်ဖီဆိုင်မှာ တစ်လံ​လောက်အကွာက​နေ ​ငေးကြည့်​နေရုံသာ တတ်နိုင်ခဲ့တာကို။ လက်​လေးဘာ​လေးထိမိတာ​တော့ ရှိ​ပေမဲ့ ဒါကလည်း ကိုယ်မှာ စွဲ​နေ​လောက်တဲ့ ပမာဏမဟုတ်ဘူး​လေ။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Oct 02 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ANTI ALPHATempat cerita menjadi hidup. Temukan sekarang