Part-5-Unicode

2K 245 15
                                    


ဂျိန်းခနဲ ဆောင့်ဖွင့်လိုက်တဲ့ တံခါးဖွင့်သံနှင့်အတူ ဒေါက်ဖိနပ်သံက စာတမ်းကို အာရုံစိုက်နေတဲ့ သန့်လွင်ဦးရဲ့ အာရုံတွေကို ထွေပြားသွားလေသည်။ ဆတ်ခနဲကြုံ့သွားတဲ့ မျက်ခုံးထူထူတွေနှင့်အတူ ကွန်ပျူတာပေါ်ကနေ လှမ်းကြည့်လိုက်တော့ အဖြူရောင်ထက်အောက်ဝမ်းဆက်ဝတ်ထားတဲ့ အဲရစ်စ်လင်း။ မျက်လုံးကို အောက်စိုက်ကြည့်လိုက်တော့ သူ့အောက်က အဖြူရောင် Boots က အနည်းဆုံးငါးလက်မလောက်။

တကယ်ပါပဲ။ ဆေးခန်းလာတာကို Runaway Fashion Show လျှောက်နေတယ်မှတ်နေလားမသိ။

"ငါ့ဆေးခန်းကိုလာရင် ဒေါက်အမြင့်တွေမစီးနဲ့လို့ ပြောထားတယ်မလား။တခြားလူနာတွေ အနှောင့်အယှက်ဖြစ်တယ်။"

"ဒေါက်။ဒေါက်။ဒေါက်။ဒေါက်။"

သန့်လွင်ဦးပြောလိုက်ကာမှ တမင်ကိုအသံကျယ်ကျယ်ထွက်အောင် လျှောက်ပြနေသလားပင်။

"ဒီရုံးခန်းထဲမှာ ခင်ဗျားနဲ့ ကျွန်တော်အပြင်တခြားဘယ်သူရှိနေသေးလို့လဲ.."

နောက်ဆုံး အဲရစ်စ်လင်း ကိုယ်ကိုတပတ်လှည့်ပြီး ဆိုဖာပေါ်ထိုင်ချလိုက်ကာမှ ဒေါက်သံကပျောက်သွားလေသည်။

"အဓိကအရေးကြီးဆုံးက ဘယ်နေရာပဲဖြစ်ဖြစ် Fashionable ဖြစ်နေဖို့ပဲ။ ထားလိုက်ပါ။ ခင်ဗျားလိုလူက အဲ့တာတွေ နားလည်ဖို့ မရှိပါဘူး။"

တကယ်ပါပဲ။ ဘာမဆိုင် ညာမဆိုင်ငါ့ကိုပါ ဖဲ့သွားသေး။

နောက်ကိုမှီကာ ခုံပေါ်မှာ ဖက်ရှင်ကျကျလေး ခြေချိတ်ထိုင်နေတဲ့ အဲရစ်စ်လင်းကို် ပြိုင်ငြင်းနေဖို့ စဉ်းစားမနေတော့။ ပွယောင်းယောင်းဆံပင်နက်တွေကို လက်နှင့်လှန်ပြီးသပ်တင်လိုက်ကာ ခုံပေါ်က ကွန်ပျူတာဆီကနေ ခဏဆုတ်လိုက်ပြီး အဲရစ်စ်လင်းနည်းတူပင် ခုံမှာနောက်မှီရင်းသာ ထိုင်လိုက်လေသည်။ ဗီဇလွှမ်းမိုးခြင်းဆိုင်ရာလေ့လာသုံးသပ်ခြင်းများ ဆိုတဲ့ခေါင်းစဉ်ပါ ဖတ်လက်စ စာတမ်းကတော့ ကွန်ပျူတာကို ပိတ်လိုက်ခြင်းနှင့်အတူ မှိန်ကျသွားလေသည်။

"ဒါနဲ့ မင်းသတင်းက အခုတလော မွှေးနေတာပဲနော်။"

အဲရစ်စ်လင်းက ်မျက်ခုံးပင့်ပြရုံပင့်ပြလာပြီး ခုံပေါ်မှာ နှပ်ထားတဲ့ လက်ဖက်ရည်ကိုယူသောက်ဖို့ပြင်သည်။ မွှေချင်တိုင်းမွှေထားပြီး တအားကိုအေးအေးဆေးဆေးဖြစ်နေတဲ့ အဲရစ်စ်လင်းကို ကြည့်ကာ သန့်လွင်ဦး ဟက်ခနဲရယ်လိုက်ရင်း

ANTI ALPHAWhere stories live. Discover now