Part-18-Unicode

1.7K 233 61
                                    


ဘတ်စ်ကားပေါ်မှ အဝါရောင်Hoodie လေးဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ဟာ ကျောပိုးအိတ်လေးလွယ်လျက် အပြေးလေးဆင်းလာခဲ့လေသည်။ ဘတ်စ်ကားဂိတ်ကိုရောက်လို့ လက်ကလက်ပတ်နာရီလေးကို ငုံ့ကြည့်တော့ ည၉နာရီကျော်။

"ဟူး.."

ဖူးခနဲ မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းငွေ့နှင့်အတူ နဖူးထက်က အနီရောင်ဆံပင်လေးတွေက လေထဲ လွင့်ပျံ့တက်သွားလေသည်။ ပင်ပန်းနေတဲ့ မိုးထက်မိုရ်မျက်နှာလေးက နွမ်းဖတ်လျက် သေးသေးလေးသာ ကျန်ရစ်တော့သည်။ ရက်ပိုင်းအတွင်း ဖောင်းနေတဲ့ကိုယ်လေးကပင် ပိန်ကျသွားသလို။

Omega တွေဆန္ဒပြတဲ့ကိစ္စနဲ့ ရွေးကောက်ပွဲမဲဆွယ်ဖို့လုပ်တဲ့ UABO ပါတီက Alpha အမတ်တွေတန်းစီပြီး ကြက်ဥပန်ကိတ်တွေဖြစ်ကုန်တဲ့ကိစ္စက လတ်တလောHot အဖြစ်ဆုံးဖြစ်နေရာ မိုးထက်မိုရ်တို့ တစ်ရုံးလုံးအဲ့သတင်းတွေလိုက်နေရင်း အချိန်ပိုဆင်းနေကြရသည်။

နောက်ထပ်ဘယ်နှရက်လောက်များ ဒီလိုကျော်ဖြတ်ရဦးမလဲမသိတော့။

ဘာပဲဖြစ်ဖြစ် Celebrity တွေနောက်တောက်လျှောက်လိုက်ပြီး မဟုတ်ကဟုတ်က သတင်းတွေရေးရတာထက်စာရင်တော့ တော်ပါသေးတယ်လို့သာ ဖြည့်တွေးလိုက်ပြီး အိမ်ဘက်ဆီသို့သာဦးတည်လိုက်သည်။ အိမ်ပြန်နားရတော့မှာမို့ မိုးထက်မိုရ်ရဲ့ခြေလှမ်းတွေက တက်ကြွလျက်။

ပေါချောင်ကောင်းနေရာကိုငှားထားတာမို့ မိုးထက်မိုရ်ရဲ့ တိုက်ခန်းက ကားမှတ်တိုင်နှင့် နည်းနည်းတော့လှမ်းသည်။ သို့သော်ချောင်ကလောင်ထဲဖြစ်တဲ့အပြင် အိမ်နံပါတ်တောင် တိတိကျကျရှိမနေတာမို့ ဒီတစ်ခါတော့ မမမိုးထက်လှိုင်တစ်ယောက် အလွယ်တကူလိုက်မလာနိုင်တာနှင့်တင် ပေးရတဲ့စျေးကအတော်တန်နေပြီဖြစ်သည်။ ခုနှစ်လွှာထိ ဖတ်ဖတ်မောနေတဲ့အထိ ခြေလျင်တက်ပြီး နောက်ဆုံးတံခါးကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာတော့ မိုးထက်မိုရ်ရဲ့ဖုန်းက ထမြည်လာတော့သည်။

ဒီချိန်ဘယ်သူဖုန်းခေါ်တာပါလိမ့်။

တစ်ချက်ငုံ့ကြည့်လိုက်သည့်နောက်မှာ မိုးထက်မိုရ်ရဲ့မျက်နှာလေးက ရှုံ့တွသွားလေသည်။ ဖုန်းမျက်နှာပြင်ပေါ်,ပေါ်နေသည့်နာမည်က အဲရစ်စ်လင်း။

ANTI ALPHATempat cerita menjadi hidup. Temukan sekarang