Part-3-Unicode

2.2K 236 46
                                    

နေရောင်သည် လူတစ်ရပ်စာအမြင့်ရှိသော ပြတင်းပေါက်ကြီးဆီမှ တိုးဝင်စပြုလာလေပြီ။ နေရောင်ဖြာကျရာ ကုတင်ထက်မှာက ကောင်လေးနှစ်ယောက်သည် အတူယှဉ်တွဲလျက် အိပ်စက်လျက်ရှိနေပေသည်။ အဲရစ်စ်လင်းသည် ဘေးတွင်ရှိသောလူရဲ့ရင်ဘတ်တွင် မျက်နှာအပ်ကာအိပ်လျက်နှင့် ရင်ခွင်ထဲကို ပိုလို့ပင် တိုးဝင်လိုက်လေသည်။ တစ်ညလုံးစိတ်ကျေနပ်မှုအပြည့်အဝရရှိထားတဲ့ ဟန်မျိုးနှင့် ပြုံးစိစိမျက်နှာလေးနှင့် ရင်အုပ်အသားစိုင်တွေပေါ် တစ်ချက်နှစ်ချက်ပွတ်သပ်လိုက်သေးသည်။

အင်း..အိစက်နေတာပဲ။

တကယ်ပါ။ ဒီလောက်အိပ်လို့ကောင်းတဲ့ ညမျိုးထပ်ပြီးမရှိနိုင်တော့ဘူးထင်တယ်။ တကိုယ်လုံးဟာ နွေးထွေးတဲ့ အငွေ့အသက်တွေ ခြုံလွှမ်းလို့။ ပြီးတော့ နှာဝထဲကိုတိုးဝင်နေတာက စိမ်းလက်လန်းဆန်းနေတဲ့ အနံ့လေး။

အနံ့ဆိုမှ..ခဏ..ခဏလေး..

မျက်လုံးပိတ်လျက်မှ အဲရစ်စ်လင်းရဲ့မျက်မှောင်တွေကျုံ့သွားသည်။

ခဏ..အဲ့တာက..Pheromone..?

ခေါင်းထဲကို Pheromone ဆိုတဲ့အတွေးဝင်လာသည်နဲ့ အဲရစ်စ်လင်းရဲ့မျက်လုံးတွေ ဖျတ်ခနဲ ပြူးသွားရသည်။ အိပ်ရာပေါ်ကနေ ဆတ်ခနဲကောက်ထပြီး ဘေးကလူကို ငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့ ထပ်မံ ပြူးကျယ်ဝိုင်းစက်သွားရတဲ့မျက်လုံးတွေ။ ကုတင်ပေါ်ကနေ ဝုန်းခနဲ ခုန်ဆင်းလိုက်ကာ အောက်ကို ချက်ချင်း ရောက်သွားလေသည်။

"မင်းဘယ်ကကောင်လဲ?!"

မနက်မိုးလင်းလင်းချင်း မိုးထက်မိုရ်နားထဲဝင်လာသည်က တစ်ခန်းလုံးကို တုန်လှုပ်သွားစေနိုင်လောက်တဲ့ အသံကျယ်ကြီး။ ခပ်မှေးမှေးမျက်ခွံတွေကို အားယူပင့်တင်ရင်း လှမ်းကြည့်လိုက်တော့ ကုတင်ခြေရင်းမှာ Bathrobe အဖြူကြီးတကားကားနှင့် သွေးပျက်မတတ် အော်ဟစ်တုန်လှုပ်နေတဲ့ လူ။

"ခွေး!ငါ့တစ်ကိုယ်လုံးလည်း ညစ်ပတ်နေတာပဲ။ မင်းဘယ်သူလဲ ။ ဟမ်။ ဘယ်သူလဲ။"

မနေ့ညက မိုးထက်မိုရ်ရဲ့ကိုယ်မှာပေနေခဲ့တဲ့ဗွက်တွေ သူ့ကိုယ်ပေါ်ပေသွားရခြင်းကို ဖျတ်ဖျတ်တွေလူးလို့နေလေသည်။

ANTI ALPHAWhere stories live. Discover now