Part-7-Unicode

1.9K 193 14
                                    

ရေချိုးခန်းထဲကနေ ဖို့ရို့ဖားရား ထွက်လာလေတဲ့တစ်ယောက်ဟာ အိမ်ရှေ့ခန်းဆီကို တန်းနေအောင် ပြေးလေသည်။ အဲရစ်စ်လင်းမှာ မျက်နှာကိုတောင် ရေစင်အောင် မသုတ်နိုင်ခဲ့။

ဟမ်..ဟမ်...ဟိုခွေးမသားလေး...။ ဟိုခွေးမသား..။ ငါသူ့ကိုသတ်မယ်။ သတ်မယ်။

စိတ်ထဲကနေ ကြိမ်းမောင်းရင်း လက်တစ်ဖက်မှာကလည်း သွားတိုက်တံနှင့်။ လက်တစ်ဖက်မှာကတော့ ဖုန်းကိုကိုင်လျက်သား။ ထိုပို့စ်အောက်ကနေ တက်နေတဲ့ Comment တွေကို လှည့်ကြည့် လှည့်ကြည့်နှင့် တောက်လျှောက်ဖတ်နေသေးသည်။

ဟား။ နောက်ဆုံးတော့လည်း Alpha နဲ့ပါပဲကွာ..Omega တွေအဲ့လိုပဲစောက်ပိုတွေ။

ငါပြောပါတယ်။ အဲ့တစ်ယောက်က Attention ရှာနေတာပါလို့။ ကွယ်ရာကျ ကြိတ်ခံတော့ Alpha နဲ့..lol

ပြီးရင်ကျ Alpha တွေကို အပြစ်မရှိအပြစ်ရှာပြောဦးမယ်.. ကုတင်ပေါ်ကျတော့ Alpha အောက်မှာနေပြီးတော့..Kekeke

အဲရစ်စ်လင်းသည် ထိုComment တွေကိုတစ်ခုချင်းစီ လိုက်ဖတ်ရင်း သွေးပါဆောင့်တိုးလာလေသည်။ တကယ်တမ်း အဲ့နေ့ကတည်းက အဲ့ဟာလေးကို လွှတ်ကိုမပေးလိုက်သင့်တာ။ အဲ့ခွေးသူတောင်းစားလေး.. ရအောင်ကိုသွားသတ်မယ်။ ဘယ်မှာနေနေ ရအောင်သတ်.. သတ်..

"အာ့..! ဘုန်း!"

အသံနှစ်သံက ရှေ့ဆင့်နောက်ဆင့်ပင်။ အခန်းထဲဝင်လာတဲ့ သန့်ပိုင်ကိုမမြင်ဘဲ ရင်ဘတ်တည့်တည့်ကို ဝင်တိုက်မိပြီး ဘုန်းခနဲချော်လဲကျလေသည်။ တိုက်မိတဲ့အရှိန်ကလည်း အတော်ပြင်းတာမို့ အဲရစ်စ်လင်းမှာ တော်ရုံနဲ့မထနိုင်ပေ။ အဲ့တော့မှ သန့်ပိုင်မှာ ပြူးပြူးပြာပြာနှင့် ကြမ်းပြင်ပေါ်ပုံလျက်သားလေးကျနေတဲ့ အဲရစ်စ်လင်းကို အပြေးအလွှားထူရတော့သည်။

"ဆရာ..။ရလား။ အဆင်ပြေရဲ့လား။ဆရာ။"

တကယ်တော့ မမြင်လိုက်မိတာကလည်း သန့်ပိုင်အလွန်တော့မဟုတ်ပေ။ ဆရာက ဖိနပ်အမြင့်မဝတ်ထားရင် ငါးပေကျော်ရုံလောက်လေးပဲရှိတာကိုး။

"ဆရာ..။ ဖြည်းဖြည်းထ။ ဖြည်းဖြည်း။ဖြည်းဖြည်း။"

"ဖယ်စမ်း..ဘယ်မလဲ။ ဟိုခွေးမသား။ ငါသွားသတ်မယ်။"

ANTI ALPHADove le storie prendono vita. Scoprilo ora