"လူကြီးမင်း..။ဒီဘက်ကိုကြွပေးပါ။"
MCအမျိုးသမီးညွှန်ရာထိုင်ခုံသို့ အဲရစ်လင်းသည် ကြော့ကြော့လေးဝင်ထိုင်လိုက်မှသာ မိုးထက်မိုရ်သည် သတိဝင်လာကာ အကြည့်လွှဲပစ်လိုက်သည်။ သို့သော် မျက်လုံးထဲက ပုံရိပ်လေးက ဖျောက်ဖျက်လို့မရနိုင်။
အညိုရောင်ဖျော့ဖျော့Suit ကိုထက်အောက်ဝတ်ဆင်ထားပြီး ဆံပင်တွေကိုနောက်သို့ စုသိမ်းထားတဲ့ပုံရိပ်လေး။ ရှင်းနေတဲ့မျက်နှာမှာ မိတ်ကပ်ကိုပါးပါးလေးသာ တင်ထားလေသည်။ သူဝတ်နေကျ နားဆွဲရှည်ရှည်တွေကိုပင် ဆင်ယင်မထား။ ဒီလောက်Formal ကျတဲ့ပုံစံနဲ့ ပထမဆုံးမြင်ဖူးတာမို့လား မသိ၊ အဲရစ်လင်းရဲ့ အသွင်အပြင်သည် အင်မတန်ရိုးရှင်းကာ ကျက်သရေရှိလွန်းနေသည်။
"အပြန်အလှန်ဆွေးနွေးပေးကြမဲ့ လူကြီးမင်းတွေအားလုံးရောက်လာပြီဆိုတော့ ကျွန်မတို့ရဲ့စကားဝိုင်းကို ခုဒီမှာပဲ စတင်ပြီးဖွင့်လှစ်လိုက်ရအောင်။"
"ဖြောင်း...ဖြောင်း...ဖြောင်း..."
MC ရဲ့စကားအဆုံးတွင်လက်ခုပ်သံတဖြောင်းဖြောင်းက ပွဲခင်းနေရာအနှံ့မှထွက်ပေါ်လာလေသည်။ Alpha အစိုးရဆီမှ Awareness ရလာအောင် နာမည်ကြီးရုပ်သံမီဒီယာက ကျင်းပတဲ့ပွဲဖြစ်ပေရာ လူထုရဲ့မျှော်လင့်ချက်က ဒီပွဲအပေါ်မှာ အပြည့်အဝသက်ရောက်နေသည်။
တိုက်ရိုက်ထုတ်လွှင့်မည့် ရုပ်သံများကလည်း အဆင်သင့်ထိုးချိန်ထားကြလေရာ မိုးထက်မိုရ်လည်း Recordယူဖို့ ကင်မရာကိုချိန်ထားလိုက်သည်။ ကဲ..အဲ့တော့ ငါလည်း အလုပ်ကိုပဲအာရုံစိုက်တာပေါ့။
အကြောင်းအရာသည် မျက်မှောက်ခေတ် Omega တို့ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ယှဉ်တွဲပြီးလက်ရှိဥပဒေတွေဟာ Omega တွေကိုအပြည့်အဝ ကာကွယ်ထောက်ပံ့ပေးနိုင်လားဆိုတဲ့ ခေါင်းစဉ်ပင်။ အပြန်အလှန်ဖလှယ်ဆွေးနွေးကြမည့်သူများသည် ဟိုတလောက မိုးထက်မိုရ်တို့သွားကာ အင်တာဗျူးခဲ့တဲ့ Omega တရားသူကြီးဟောင်း၊ သာမန်အိမ်ထောင်ရှင် Omega အမျိုးသမီး၊ ပြီးတော့ အဲရစ်လင်း။
မစခင် Sponser ပေးတဲ့ ကုမ္ပဏီတွေကို ကြေညာကြသေးသည်။ အဲ့နောက် တစ်ယောက်ချင်းစီမိတ်ဆက်နေကြပြီးနောက်ဆုံး အဲရစ်လင်းအလှည့်ရောက်လာလေသည်။
![](https://img.wattpad.com/cover/354478467-288-k689189.jpg)