Part-6-Unicode

1.9K 208 25
                                    

"အိုကေ!Cut!"

ဓာတ်ပုံဆရာဆီက ထိုစကားဆုံးမှသာ သန့်ပိုင်မျက်တောင်ခတ်ဖို့ သတိရတော့သည်။ Camera ရိုက်ကွင်းပေါ်က ဆရာ့ကို ဘယ်လောက်တောင် ငေးမိသွားပါလိမ့်။ မကြည့်ဘဲလည်း မနေနိုင်လောက်အောင် လည်ပင်းမှာ ဖဲပွင့်အကြီးကြီးတပ်ထားတဲ့ ပန်းရောင် ဇာအကျႌနှင့်ခေါင်းလောင်းဘောင်းဘီရှည်အဖြူက ဆရာနဲ့လိုက်ဖက်လွန်းနေသည်။ ဆရာကတော့ အနည်းငယ်ပင်ပန်းနေပုံရသည့်တိုင် နွမ်းဖတ်မနေပါပေ။ အဖြူရောင်ခုံရှည်ပေါ်ကနေ ဆတ်ခနဲ ဆင်းလာပြီး ဓာတ်ပုံဆရာနှင့်အတူ ဓာတ်ပုံတွေကို ပြန်ကြည့်နေလေသည်။

"မိုက်တယ်ဟေး.. ပုံတွေက အလန်းစားတွေချည်းပဲ။"

ဓာတ်ပုံဆရာ ကတော့ အင်မတန်ကျေနပ်အားရနေသည့်နှယ်။ ဟင်း..ဆရာ့ဓာတ်ပုံတွေကတော့ ဒီတစ်ပတ်ရဲ့ Social Media မှာ တန်းစီပြီးနေရာယူဦးမှာပဲ။

သန့်ပိုင်စိတ်ထဲက ကျိန်းသေတွက်ချက်ရင်း ပြုံးလိုက်မိလေသည်။ အဲရစ်စ်လင်းကတော့ ဓာတ်ပုံတွေကိုကြည့်ကာ လိုအပ်တာတွေကို ဓာတ်ပုံဆရာနှင့် သေချာပြန်တိုင်ပင်နေသည်။ ဆရာ့ကို သဘောကျတဲ့အထဲမှာ ဘယ်ဟာလုပ်လုပ်သေချာစိတ်ဝင်တစားနဲ့ စေ့စေ့စပ်စပ်လုပ်တတ်တာလည်း ပါသည်။ ဒါကြောင့်လည်း ဘာလုပ်လုပ် ဆရာအောင်မြင်နေတာ။

ခုတွေးကြည့်လိုက်တော့ ဆရာ့ကို သန့်ပိုင် အရင်ဆုံးစတွေ့ခဲ့တဲ့အချိန်တွေကိုတောင် အမှတ်ရသွားလေသည်။ လွန်ခဲ့တဲ့ သုံးနှစ်၊ စစ်တပ်ထဲက အပြီးထွက်လာခဲ့စဉ် ဘဝမှာ ဘာမှကုန်းကောက်စရာမရှိလောက်အောင် စိတ်ဓာတ်တွေထိုးကျနေခဲ့တုန်းက လမ်းပေါ်မှာလျှောက်သွားနေရင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်က တီဗွီဖန်သားပြင်ပေါ်မှာ စတွေ့ခဲ့တာ။

အဲ့တုန်းက ဆရာစပြီးအောင်မြင်ခါစလို့ ထင်တာပဲ။ အဲ့အချိန်တုန်းကလည်း ခုလိုပဲ ခပ်ထေ့ထေ့အပြုံးတွေနဲ့ မာန်ပါတဲ့မျက်နှာထား၊ ခပ်ချီချီကိုယ်ဟန်အမူအရာနဲ့။ ဒီထက်တော့ ဆံပင်လေးပိုတိုနေတာကလွဲလို့ပေါ့။ ပြီးတော့ အဲ့တုန်းက ဆရာပြောနေခဲ့တဲ့ စကားကိုလည်း သန့်ပိုင်သေချာပေါက်မှတ်မိနေသေးသည်။

ANTI ALPHAWhere stories live. Discover now