Part-23-Unicode

2.5K 289 87
                                    

"မိုရ်ကြီးရေ။ငါတို့ဒီမှာ။"

ထုံးစံအတိုင်း ဆိုင်ထဲမှာ ဟိုယောင်ဒီယောင်ဖြစ်နေရာကနေ အသံကြားမှ သူငယ်ချင်းအုပ်စုကို မိုးထက်မိုရ်တွေ့တော့သည်။ သူတို့ထိုင်နေတဲ့ဝိုင်းကအတွင်းဘက်ဆုံးမှာရှိပြီး ရှေ့ဝိုင်းကလူတွေနှင့် ကွယ်နေတာမို့ မိုးထက်မိုရ်မတွေ့ခဲ့ခြင်းပင်။

"မင်းပိန်သွားသလိုပဲ။"

"အေး။ အလုပ်နည်းနည်းပင်ပန်းလို့။"

လာတာနဲ့ ခန္ဓာကိုယ်ကြည့်ပြီးသာ နှုတ်ဆက်ထောပနာပြုတဲ့ သူငယ်ချင်းကို သာမန်ကာလျှံကာမျှသာ ပြန်ဖြေရင်း မိုးထက်မိုရ်ဝင်ထိုင်လိုက်သည်။ ၀ိုင်းထဲမှာက ထုံးစံအတိုင်း မိုးထက်မိုရ်ရဲ့ ယောကျ်ားလေးသူငယ်ချင်းနှစ်ယောက်နှင့် မိန်းကလေးသူငယ်ချင်းတစ်ယောက် ရောက်နှင့်ပြီးဖြစ်သည်။ ပိုနေတဲ့လူတစ်ယောက်က Omega မိန်းကလေးတစ်ယောက်ဖြစ်ဟန်ရသည်။ မိုးထက်မိုရ်တစ်ခါမှမမြင်ဖူးသော ကောင်မလေးတစ်ယောက်ပင်။

"ဒါနဲ့။ ရောက်ရောက်ချင်းမိတ်ဆက်ပေးရဦးမယ်။ ဒါငါ့ကောင်မလေး။ဟဲဟဲ။"

သူငယ်ချင်းကပခုံးဖက်ကာ မိတ်ဆက်ပေးလာချိန် အံ့သြမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေတဲ့ မိုးထက်မိုရ်ကို ထိုကောင်မလေးသည် ခေါင်းလေးတစ်ချက်သာ ညိတ်ပြလာခဲ့သည်။ လူကောင်သေးသေး၊ အသားဖြူဖြူလေးကိုမှ ချိုမြိန်တဲ့အပြုံးကလေးနှင့် ချစ်စဖွယ်မျက်နှာပိုင်ရှင်လေး။ Alpha အများစုသဘောကျတတ်တဲ့ Omega ပုံစံမျိုးလေးပင်။

"ဟုတ်ကဲ့..တွေ့ရတာ ဝမ်းသာပါတယ်။"

မိုးထက်မိုရ်သည် မကောင်းတတ်လို့သာ လှမ်းသာနှုတ်ဆက်လိုက်ရသည်။ တကယ်တော့ ဝမ်းမသာနိုင်ပါ။ အဲ့တော့ အခုဆို အဖွဲ့ထဲမှာ တစ်ကောင်တည်း ရည်းစားမရနိုင်ဘဲ အထီးကျန်နေတာ ငါတစ်ယောက်တည်းပေါ့။

အားလုံးကတော့ အရှေ့က ဘီယာခွက်တွေကို မြှောက်ကိုင်လိုက်ရင်း ရည်းစားရသွားပြီဖြစ်တဲ့ သူငယ်ချင်းအတွက် ဂုဏ်ပြုပေးနေကြသည်။ သူတို့ဟာသူတို့ ပျော်ကြတာ ပြသနာမရှိပေမဲ့ တစ်ခါတလေ မိုးထက်မိုရ်ကိုပါ လာထိခိုက်နေတာကတော့ အဆင်မပြေပေ။

ANTI ALPHAWhere stories live. Discover now