Part-24-Unicode

2.3K 255 59
                                    


"အင်း။ ကျွန်တော်အခုပဲအလုပ်ပြီးတာ။"

"ဟုတ်။ အရင်နေရာမှာပဲစောင့်နေတယ်နော်။"

"ဟုတ်ကဲ့။ ဒါပဲနော်။"

ပြောစရာရှိတာပြောပြီးသည့်နှင့် မိုးထက်မိုရ်ဖုန်းချလိုက်သည်။ မီးမှိတ်ကျသွားတဲ့ ဖုန်းမျက်နှာပြင်ထက်က ကိုကိုဆိုတဲ့ နာမ်စားကို ကြည့်ပြီး မိုးထက်မိုရ်ရဲ့ ပါးနှစ်ဖက်ကခပ်ရဲရဲ။ မနေ့ကလေးတင် မိုးထက်မိုရ်ရဲ့ဖုန်းကို ဆွဲယူပြီး သူ့ဟာသူကောက်ပြောင်းထည့်လိုက်တဲ့အဲ့နာမည်ကို သူကတော့ မရှက်ပေမဲ့ မိုးထက်မိုရ်မှာအဲ့နာမည်မြင်တိုင်း ဘယ်လိုနေလို့နေရမှန်းကိုမသိ။

နာမည်ပြောင်းလိုက်တုန်းကလည်း မိုးထက်မိုရ်သူ့ကိုမေးခွန်းတွေပြည့်နေတဲ့ မျက်လုံးမျိုးနှင့် ကြည့်တော့ သူပြောပုံက သာမန်ကာလျှံကာမျှသာ။ "တခြားသူတွေမြင်သွားရင် အဆက်အသွယ်ရှိနေမှန်းသိသွားနိုင်လို့ ပြောင်းလိုက်တာ"တဲ့။

ဒါပေမဲ့ ပြောင်းစရာနာမည်တွေအများကြီးပါ။ အခုတော့ ဘာကိုကိုတုန်း။ နင့်မေကြီးဒေါ်ကိုကို။

တစ်ယောက်တည်းဆူဆောင့်နေရင်း ရှေ့သို့အနက်ရောင်ကားတစ်စင်းက ထိုးစိုက်လာရာ မိုးထက်မိုရ်လန့်သွားရသည်။ ဒီနေ့တော့ ဖယ်ရာရီပြိုင်ကားအနီကလေး။ လာကြိုတဲ့ရက်တွေအတွင်း ကားသုံးစီးကို မထပ်အောင်စီးနေရာ သူမှန်းသိနေပြီမို့ တီခနဲဟွန်းသံမကြားခင်မှာပဲ အထဲကိုဝင်လိုက်သည်။

အထဲရောက်ရောက်ချင်းသင်းပျံ့နေတဲ့ လာဗင်ဒါနံ့က နှာခေါင်းထဲတိုးဝင်လာပြီး အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ လူတစ်ယောက်က ကားမောင်းတဲ့သူနေရာမှာထိုင်နေလေသည်။ အရင်လို မက်စ်မတပ်ထားဘဲ ဦးထုပ်ကိုတော့ သူ့နံဘေးမှာချထားသည်။ မိုးထက်မိုရ်ကိုလှည့်ကြည့်တဲ့ မျက်နှာမှာ အပြုံးမပါပေမဲ့ သူ့မျက်နှာကလန်းနေသည်ဟုတော့ ထင်ရသည်။

"ဒီနေ့အလုပ်ဆင်းတာ စောသားပဲ။"

"ဟုတ်။ အလုပ်စောစောပြီးသွားလို့။"

Omegaတွေဆန္ဒပြတဲ့ကိစ္စကလည်းအရှိန်ပြန်ကျသွားပြီဖြစ်လေရာ အဲ့ဘက်သတင်းလိုက်တာကို ခဏပြန်နားလို့ရနေပြီဖြစ်သည်။

ANTI ALPHAHikayelerin yaşadığı yer. Şimdi keşfedin