Part-25-Unicode

3.1K 271 86
                                        


"စောက်အဓိပ္ပါယ်မရှိတာတွေကတော့ စလာပြီ။"

"Omegaတွေကို လွှတ်တော်အမတ်ဝင်ရွေးခွင့်ပေးရမယ်။ ဟုတ်လား။ ရူးနေကြတာလား။"

"ဒီပြသနာကငြိမ်ပြီထင်သွားတာလေ။ ဘယ်ကဘယ်လိုပြန်စလာရတာလဲ။"

ဥက္ကာမင်းပိုင်သည် အစည်းအဝေးခန်းမထဲတွင် နားထင်ကို လက်နှင့်ဖိထောက်ထားရင်းဖြင့်သာ မျက်စိစုံမှိတ်ပြီး ငြိမ်ထိုင်နေမိသည်။ Omegaတွေကို ဖိနှိပ်တယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် ပြည်သူတွေသည် လက်ရှိကြီးမှူးအုပ်ချုပ်နေသော UABO ပါတီကို မယုံကြည်ကြတော့ပေ။ အဲ့လိုနဲ့ Omegaတွေရဲ့ ကိုယ်စားလှယ်အနေဖြင့် လွှတ်တော်အမတ်ဝင်ရွေးခွင့်ပြုပေးရန် ပြည်သူတွေထံမှတောင်းဆိုလာသည်။ အဲ့တာကိုအကြောင်းပြုပြီး UABO ပါတီဝင်Alpha အမတ်တွေရဲ့ မကျေမနပ်မြည်တွန်တောက်တီးသံများသည် အခန်းထဲ ဆူညံပွက်လောရိုက်လို့နေလေသည်။

"ပြီးခဲ့တဲ့တစ်ပတ်လောက်က ACG TALK SHOW မှာပြောသွားတဲ့ဟာကနေ စလာတာပဲ။"

"ဟို..အဲရစ်..ဘာဆိုလား အဲ့ကောင်ဝင်ပြောသွားတဲ့ Show မလား။"

အဲ့နာမည်ကြားလိုက်တဲ့အခါမှာတော့ ဥက္ကာမင်းပိုင်ငြိမ်ထိုင်မနေနိုင်တော့။ ဟိုကဖြင့် မူးလဲလို့ Talk Showပြီးတဲ့အထိတောင် မနေသွားနိုင်ရှာတာကို။

"သူပါလာရင် ပြသနာက တစ်ခုမဟုတ် တစ်ခုတက်တယ်။ ပြီးခဲ့တဲ့ တစ်ခါကလည်း သူကပဲစ..."

"ဒီကိစ္စကလက်ခံလိုက်ရင်ဖြစ်တာပဲမဟုတ်ဘူးလား။"

အများနှင့်မတူညီသော အဆိုပြုချက်ကြောင့် Alpha အားလုံးရဲ့ အကြည့်က ဥက္ကာမင်းပိုင်ဆီ ရောက်လာလေသည်။

"ပြီးခဲ့တဲ့တစ်ခါ Bond နဲ့ပတ်သက်တဲ့ဥပဒေအဆိုပြုတုန်းကလည်း ပယ်ချခဲ့ပြီးပြီ။ ဒီတစ်ခါပါ ထပ်ပြီးငြင်းမယ် ဆိုရင်တော့ ကျွန်တော်တို့ပါတီရဲ့နောက်ငါးနှစ်သက်တမ်းက မသေချာတော့ဘူး။"

ထိုစကားကိုကြားတဲ့အခါမှာတော့ ခုနက တဖျစ်တောက်တောက် ဆူညံနေခဲ့တဲ့ Alpha အမတ်တချို့နှင့် ပါတီအဖွဲ့ဝင်တွေ အကုန် ငြိမ်ကျကုန်လေသည်။ အရွယ်ရောက်ပြီးတဲ့ Omega ဦးရေက ကျန်တဲ့ Alpha ,Beta နှစ်ခုပေါင်းခြင်းရဲ့ နှစ်ဆလောက်ကိုရှိနေရာ ဒီလောက်များပြားတဲ့မဲပမာဏကြီးကို မျက်နှာလွှဲခဲပစ်လုပ်ထည့်လိုက်လို့လည်း မရပေ။

ANTI ALPHADonde viven las historias. Descúbrelo ahora