မျက်တောင်တိုလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့် မိုးထက်မိုရ်တစ် ေယာက် အိပ်ရာထဲကနေ လူးလွန့်နိုးလာသည်။ ပြတင်းပေါက်ကတိုး၀င်လာတဲ့ လေကြောင့် မျက်နှာကြတ်ကမီးဆိုင်းဟာ ဟိုဒီယိမ်းနွဲ့နေသည်မှာ ပက်လက်ကလေးဖြစ်နေတဲ့ မိုးထက်မိုရ်ကို လှောင်ပြောင်နေသယောင်။ အဲ့တာထက် နိုးနိုးချင်နှာေခါင်းထဲ အလုံးအရင်းတိုး၀င်လာသည်က အရင်နှင့်မတူဘဲ စူးရှပြင်းထန်လွန်းတဲ့ pheromone ရနံံ့များ။
ရင်တွေပူလာလို့ ညကရေထသောက်လိုက်သေးတယ်မလား..အိပ်ရာထဲ ဘယ်လိုပြန်ရောက်လာတာပါလိမ့်..
သေချာအာရုံစုစည်းပြီးတွေးသော်လည်း မှတ်ဥာဏ်တွေ အကုန်လုံးက တကွဲတပြား။
ဒါနဲ့ ကိုကိုနဲ့အတူနေဖြစ်လိုက်သေးလား။ မနေ့က ရေသွားသောက်နေတုန်း
ကိုကိုအိပ်ရာကနေထလာတဲ့ ခြေသံလိုလိုကိုတော့ မိုးထက်မိုရ် ကြားလိုက်မိသလိုရှိလားလို့...ကိုကိုဆိုတဲ့ အတွေးကခေါင်းထဲ ၀င်လာတာနဲ့ မိုးထက်မိုရ်ချက်ချင်းလူးလဲထပြီး ဘေးကို ကြည့်လိုက်မိသည်။ အိပ်ပျော်နေတဲ့ ကိုကို့မျက်နှာဖြူဖြူနုနုေလးက လုံးထွေးနေတဲ့စောင်အောက်မှာ တစ်စွန်းတစလေးသာ ပေါ်ထွက်လို့။
"ကိုကို..."
မိုးထက်မိုရ် ကိုကို့ကို အသာလှုပ်နှိုးလိုက်မိသည်။ ကိုကိုက တုပ်တုပ်ကေလးေတာင် မလှုပ်။ ပုံမှန်အသံတစ်ခုလောက်ကြားရင်ကို ဆတ်ခနဲနိုးတတ်သူမို့ နှစ်ချက်သုံးချက်လောက်လှုပ်နှိုးတဲ့တိုင် မနိုးလာတော့ မိုးထက်မိုရ်ပြာယာခတ်ရလေပြီ။
"ကိုကို! ကိုကို!"
"ကျွန်တော်ခေါ်နေတယ်လေ..ကိုကိုလို့!"
"ကိုကိုရေ..ကိုကို..လို့..ဟို့..ဟို့.."
"အွန်း...ဟွန်း...အင်း.."
နှစ်ခါသုံးခါလောက်ထပ်ပြီး အသံမြှင့်ကာ ခေါ်တော့မှ ကိုကို့ဆီက အသံသေးသေးလေးက ထွက်ပေါ်လာတော့သည်။ ေတာ်ပါေသးရဲ့ဟုေတွးရင်း ထိုအခါမှ သက်ပြင်းချမိရုံရှိသေး။
"မင်းမေလင်...ဘယ်လိုဖြစ်လို့ ငါသေသွားသလို စွတ်စပ်အော်ခေါ်နေရတာလဲ?"