အပိုင်း 114

161 14 0
                                    

Chapter  114

ထိုအတွေးဖြင့် သိမ်းငှက်မှာ ပျော်ရွှင်၍ တောင်ပံ တဖျတ်ဖျတ်ခတ်ကာ ပြောလိုက်သည်။

“လမ်းပြပေးပါ”

“ဟုတ်ကဲ့”

သမားတော် ချူကျန်းမှ ခေါင်းငြိမ့်ပြ၍ ရှေ့မှ လျှောက်သွားသည်။

မကြာမီ မြင်းများ၊ မြည်းများနှင့် ပျံနိုင်သော မကောင်းဆိုးဝါးသားကောင်များကို တွေ့ရလေသည်။ ကျင့်ကြံမှုအဆင့်တော့ အရမ်းမမြင့်ပါ။

ထို့ကြောင့် သိမ်းငှက်မှာ မကျေမနပ် ဖြစ်နေမိ၏။

သမားတော်ချူကျန်းက လက်ညှိုးထိုးပြ၍

“ဆရာဦးလေးရဲ့ နေရာက ဟိုနားပါ”

သူ လှမ်းကြည့်လိုက်သောအခါ မည်းနက်နေသော မြည်းတစ်ကောင်ကို တွေ့ရပြီး အရွယ်အစားမှာ သာမာန်သာ ဖြစ်လေသည်။  နတ်ဆိုးအရှိန်အဝါလည်း မခံစားရသောကြောင့် သာမာန်တိရစ္ဆာန်နှင့်သာ တူပါသည်။

“အဲ့တာလား”

သိမ်းငှက်မှာ စွံ့အနေမိ၏။

သခင့်တိရစ္ဆန်က အဲ့လောက်တောင် ညံ့တာလား။

“ဪ ဒါနဲ့ ဆရာဦးလေးက မှာထားတယ်။ သူ့မြည်းက စိတ်ကြီးလို့တဲ့။ အနားကပ်ရင် ဂရုစိုက်နော်”

ချူကျန်းမှ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့။ သူ့စိတ်ပါ ယဉ်ကျေးသွားအောင် လုပ်ပေးလိုက်မယ်”

သိမ်းငှက်မှာ လှောင်ပြောင်သလို ရယ်မော၍ ပြောလိုက်လေ၏။

စိတ်ကြီးတာများ။ ငါက ပိုတောင်ကြီးပြနိုင်သေးတယ်။

ထို့နောက် ချူကျန်း ထွက်သွားသောအခါ သိမ်းငှက်ကြီးမှ မကောင်းဆိုးဝါး အရှိန်အဝါများ စတင်ထုတ်လွှင့်တော့သည်။

ဘုံး!

ထိုအခါ အင်အားပြင်းသော စွမ်းအင်များ တိရစ္ဆာန်တဲထဲ ပျံ့သွားလေ၏။ ထိုအခါ တိရစ္ဆာန်များ ကြောက်လန့်လျက် မူးလဲကုန်ကြသည်။

မကောင်းဆိုးဝါး သားကောင်များမှာ သွေးစွမ်းအင် ရှိ၍ အရွယ်ရောက်လာသည်နှင့် ကောင်းကင် နန်းတော်အဆင့် အနည်းဆုံး ရှိကြပါသည်။ ထို့ကြောင့် သိမ်းငှက်၏အဆင့်မှာ ပိုမြင့်မှန်း သိသာလှသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now