အပိုင်း 102

175 14 0
                                    

Chapter 102

ထိုမြင်ကွင်းကိုတွေ့ကာ စွန်းကျောက် မေ့လဲမလိုပင် ဖြစ်သွား၏။

ခုနလေးတင် သိမ်းငှက်မှာ အသည်းအသန် ငြင်းနေသော်လည်း ချက်ချင်း ယခုလို ပြောင်းလဲသွား၏။

ဘယ်လိုလုပ်လိုက်တာလဲ။

သူ ထိုသိမ်းငှက်ကို ထိန်းချုပ်နိုင်ရန် ငယ်စဉ်တည်းက ပြုစုပျိုးထောင်၍ (၁၀) နှစ်ကြာမှ အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။

သိုသော် ထိုလူငယ်လေးမှာတော့ ခေါင်းကိုပုတ်၍ တစ်ခုခု ကျွေးလိုက်သည်နှင့် ထိန်းချုပ်နိုင်သွား၏။

တိရစ္ဆာန်အဖြစ်မှ စွန့်လွှတ်ပြီးသော်လည်း ထိုသစ္စာဖောက်မှုကြောင့် ရင်နာမိပါသည်။

မိုယွမ်တို့လည်း အချင်းချင်းကြည့်ကာ အံ့ဩနေ၏။ သူတို့အမြင်ကို မယုံကြည်နိုင်ပေ။

တိရစ္ဆာန်တစ်ကောင်ကို ထိန်းချုပ်ဖို့ အဲ့လောက် လွယ်လား။

လူမအုပ်၏ အမူအရာများကို မသိချင်ယောင်ဆောင်၍ စုရင်ကတော့ သက်ပြင်းချကာ ပြုံးလိုက်မိသည်။

သူ သင်ထားသည်မှာလည်း ထို (၂) ဆင့်သာ ဖြစ်၏။ နွေးထွေးမှုကို ခံစားမိစေရန် ခေါင်းကို ပုတ်ပြီးမှ အစာကျွေးရမည် ဖြစ်သည်။

သူ အရင်က ငှက်များနှင့် ယုန်များစွာကို ဖမ်းကာ လေ့ကျင့်ခဲ့ရဖူးပါသည်။

အစပိုင်းတွင် ခေါင်းပုတ်ခြင်း၌ (၁၀) မိနစ်ကျော် ကြာခဲ့ပြီး နောက်ပိုင်း တစ်ချက်တည်းဖြင့် အောင်မြင်ခဲ့လေ၏။ အချိန်ကာလမှာ (၃) လခန့် ကြာပါသည်။

ထို့နောက် မွေးမြူခြင်းနည်းနှင့် ရောစပ်၍ အစာကျွေးပေးရ၏။

ငှက်များ၊ ပုတ်သင်ညိုများ၊ အင်းစက်များ အမျိုးမျိုးအတွက် အစာအမျိုးမျိုး ခွဲပေးရလေသည်။

ထို့ကြောင့် ယခု သားကောင်ကြီးကိုလည်း ဤနည်းဖြင့် စမ်းသပ်ခဲ့လေ၏။

မည်သူက တကယ်အဆင်ပြေမည်ဟု ထင်မည်နည်း။

အရှင်သခင်အဆင့် သားကောင်ပင် မခုခံနိုင်ပါ။

မကြာမီ သိမ်းငှက်မှ တောင်ပံတစ်ချက် ဝှေ့လိုက်ရာ သွေးတစ်စက် ထွက်လာပြီး စုရင်ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားသည်။ စာချုပ် စတင်ပြီ ဖြစ်၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now