အပိုင်း 101

174 16 0
                                    

Chapter 101

သိမ်းငှက်မွေးများမှာ ခရမ်းရောင် တောက်ပလျက် လျှပ်စီးကဲ့သို့ ဖြစ်နေသည်။

“အရှိန်အဝါမှာလည်း အလွန်ကြီးမား၍ ကြောက်စရာ ကောင်း၏။

“သခင် ကျွန်တော် မသွားဘူး။ သတ်ပစ်ရင်တောင် ကျွန်တော့်သွေးတွေ မပေးနိုင်ဘူး”

သိမ်းငှက်ကြီးမှ စုရင်တို့ကို ကြောက်လန့်ကာ လှမ်းအော်လေသည်။

မကောင်းဆိုးဝါး သားကောင်များမှာလည်း အဆင့်မြင့်လာလျှင် လူစကားပြောနိုင်ပါသည်။

“သွားပါ။ မင်း ဆက်နေလည်း ငါ အဖော်ပြုပေးနိုင်တော့မှာ မဟုတ်ဘူး။ ငါတို့ ကံကြမ္မာက ဒီလောက်ပဲ”

စွန်းကျောက် ခေါင်းယမ်း၍ ပြောလိုက်သည်။

“ဟင့်အင်း”

သိမ်းငှက်ကြီးလည်း မျက်ရည်များ ဝဲလာ၏။ ထို့နောက် စုရင်ကို ဒေါသတကြီး လှမ်းကြည့်၍

“ငါ့သွေးနဲ့ တခြားသူကို ကယ်မယ်ပေါ့”

“ဟုတ်တယ်”

စုရင် ခေါင်းငြိမ့်ပြလိုက်သည်။

“အသက်တစ်ချောင်း ကယ်ဖို့အတွက် အသက်တစ်ချောင်းက ဘာလို့ သေပေးရမှာလဲ”

သူ မကျေမနပ် ထပ်ပြော၏။

“မဟုတ်တာတွေ မပြောနဲ့။ ဘယ်သူက ဖိအားပေးနေလို့လဲ”

သမားတော်ယွန်းဖုန်မှ မျက်မှောင်ကြုတ်ကာ ဝင်ပြော၏။

သိမ်းငှက်မှ

“ကျွန်တော့်သခင် သေတော့မယ်လေ။ မတွေ့ဘူးလား။ အဲ့တာ ဖိအားပေးတာမဟုတ်လို့ ဘာလဲ”

“ဒါက…”

အားလုံး စွန်းကျောက်ကို လှမ်းကြည့်မိကြ၏။

အမှန်ပင် စစတွေ့စဉ်ကကဲ့သို့ ယုံကြည်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျကာ အားလုံးကို စွန့်လွှတ်ထားသလို ဖြစ်နေသည်။

“ဂျူနီယာစွန်း…”

မိုယွမ် စိုးရိမ်စွာ ကြည့်နေ၏။

“ကျွန်တော့်နား မကပ်လာပါနဲ့။ ခင်ဗျား ရူဖေးကို ကယ်ဖို့ငြင်းလိုက်တဲ့ အချိန်ကစပြီး ကျွန်တော့်မှာ ဂိုဏ်းလည်း မရှိဘူး။ စီနီယာလည်း မရှိဘူး”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now