အပိုင်း 108

165 15 0
                                    

Chapter 108

စုရင် နဖူးမှ ချွေးများ စီးကျကာ စွန်းကျောက်တို့ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။ ရှေ့မှ လက်ကောက်ကိုသာ ကြည့်၍ အာရုံစိုက်နေရ၏။

တူကို အချိန်အဆဖြင့် ထုနေရခြင်းက သူ့အတွက်တော့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါသည်။

သူသာ ကျင့်ကြံမှုရှိလျှင် ဒီထက် ပိုမြန်မည် ဖြစ်၏။

အင်အားသုံးရာတွင် လုံးဝ မှား၍ မရသောကြောင့် အလွန် ဂရုစိုက်ရလေသည်။

'လက်ကောက်ရဲ့ ခံနိုင်ရည်က နိမ့်တယ်။ မျဉ်းနှစ်ခု ပေါ်တာက အလွန်ဆုံးပဲ။ နောက်ထပ် ဆက်လုပ်ရင် ဖိအားဒဏ် မခံနိုင်ဘဲ ပျက်စီးသွားလိမ့်မယ်'

စုရင် တစ်ယောက်တည်း တွေးနေမိသည်။ ထို့ကြောင့် နောက်ဆုံးတစ်ချက်ထုကာ ရပ်လိုက်လေသည်။

ထိုအခါ လက်ကောက်မှာ တုန်ရီလာပြီး သူတော်စင်ချီများ စိမ့်ဝင်သွား၏။

မျက်စိတစ်မှိတ်အတွင်း သာမာန်လက်ကောက်မှ အလယ်အဆင့်အထိ ချက်ချင်း တက်သွားတော့သည်။

"ဟင်း"

စုရင် ခေါင်းယမ်းလိုက်မိသည်။

ဆိုးလိုက်တာ။

ပစ္စည်းမှာ အကန့်အသတ် ရောက်နေလေပြီ။

"ဟားဟား နောက်ဆုံးတော့ ငါ့ထက် ညံ့တဲ့သူ ပေါ်လာပြီပဲ"

ထိုစဉ် အကြော်ဒယ်မှ ရုတ်တရက် ပေါ်လာပြီး ပြောလိုက်လေ၏။

သခင်မှ လက်နက်များစွာ ပြုလုပ်ခဲ့ပြီး အားလုံး သူ့ထက် အဆင့်မြင့်သည်ချည်းသာ ဖြစ်ပါသည်။ ထို့ကြောင့် သူသာ ရောင်းစားခံရမည်ကို တစ်ချိန်လုံး ကြောက်နေခဲ့ရသည်။ ယခုတော့ နောက်ဆုံး သူ့ထက် အားနည်းသူ ရောက်လာလေပြီ။

"..."

စုရင်မှာ အားနာစွာကြည့်၍

"ကျွန်တော် တကယ် တောင်းပန်ပါတယ်"

သူ ပြန်ရောက်သည်နှင့် ချက်ချင်း ရောင်းစားရပေတော့မည်။

"ဒါ... ဒါက... ထင်ထားတာထက် များတာပဲ"

စွန်းကျောက် စိတ်လှုပ်ရှားနေလေသည်။

တကယ် အင်အားကြီးတာပဲ။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now