အပိုင်း 119

187 13 0
                                    

Chapter 119

“တပည့်လား”

စုရင် မျက်မှောင်ကြုတ်နေမိသည်။

“ဟုတ်ကဲ့”

ပိုင်ရိရီ ပြုံးလျက်

“မင်းသားစုကမှ ကျွန်မကို လက်မခံတာ။ ဂိုဏ်းကိုပဲ သွားပြောရတာပေါ့။ အခု ကျွန်မလည်း ဂိုဏ်းတပည့် ဖြစ်နေပြီ။ အကြီးအကဲက ခိုင်းနေတာကို ငြင်းလို့ မရဘူးလေ”

ပိုင်ရိရီ ကျန်းမာ၍ ကျင့်ကြံမှု ရရှိပြီးနောက် ညတွင်းချင်းပင် ဝူယွမ့်ထံသွားကာ စုရင်အား ပြုစုခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ဝူယွမ်လည်း တော်ဝင်မင်းသမီးမှ စပြောလာ၍ မငြင်းနိုင်ဘဲ ဤအခြေအနေ ရောက်လာလေသည်။
“ဟုတ်ပါပြီ”

စုရင် မတတ်နိုင်ဘဲ ခေါင်းငြိမ့်ပြ၍

“မင်းသမီး သဘောအတိုင်း နေကြည့်ပေါ့။ ပျင်းလာလည်း ပြန်လေ”

“မင်းသားစုသာ မောင်းမထုတ်ရင် ကျွန်မက ဘယ်တော့မှ မသွားဘူး”

ပိုင်ရိရီ ပြန်ဖြေလေ၏။

“ကောင်းပြီလေ။ ကျွန်တော် အခု လှေသွားဝယ်မလို့ လိုက်ဦးမလား”

“အင်း”

ပိုင်ရိရီ ရှေ့တိုးလာပြီး ရိုသေစွာဖြင့်

“ကျွန်မ မြည်းကို ဆွဲပေးပါ့မယ်”

“ဟမ်…”

“အင်မော်တယ်နှိမ်နင်းဂိုဏ်းရဲ့ ဆရာဦးလေးက တစ်လောကလုံးမှာရှိတဲ့ အစွမ်းထက် ပညာရှင်တွေထဲက တစ်ယောက်လေ။ လူတွေ အများကြီးက စောင့်ကြည့်နေကြမှာကို အကုန် လျှောက်လုပ်နေလို့ ဘယ်ဖြစ်မလဲ”

ပိုင်ရိရီမှ ပြန်ပြော၏။

“အဲ့တာက…”
စုရင် ခဏစဉ်းစားပြီးမှ

“ကောင်းပါပြီ”

နှစ်ယောက်သား မြည်းနှင့်အတူ တောင်အောက် ဆင်းလာခဲ့ကြသည်။

ပိုင်ရိရီ အစပိုင်း၌ နေရခက်နေသော်လည်း တဖြည်းဖြည်း ထူးဆန်းလာသည်။

လူငယ်လေးထံမှ သူတော်စင်ချီများ စိမ့်ထွက်နေပြီး ထိုအစွမ်းကို စုပ်ယူကာ ကိုယ်တိုင်မှ အင်အားပြည့်လာသလို ခံစားရသည်။
ပိုင်ရိရီ သဘောကျနေမိ၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now