အပိုင်း 113

171 12 0
                                    

Chapter  113

နှစ်ယောက်သား၏ စကားကိုပြောနေပုံကို ကြည့်ကာ မိုယွမ်တို့လည်း စွံ့အနေလေ၏။

မင်းသမီးရိရန်မှာလည်း အလွန် ခေါင်းမာသည်။

ထိုအခြေအနေကြောင့် နေရခက်လာ၍ မိုယွမ်က ခဏစဉ်းစား၍ ဝင်ပြောလိုက်လေသည်။

“ဆရာဦးလေး မင်းသမီးရိရန်က သူ့ရောဂါ ပြန်ဖြစ်မှာကို စိုးရိမ်နေလို့ ဆေးပညာ သင်ချင်တာပါ။ ဒီကြားထဲလည်း ကျွန်တော် အားတာနဲ့ သင်ပေးဖူးတာတွေ ရှိပါတယ်။ သူ အခြေခံတော့ ရမှာပါ။ ဆရာဦးလေးအနေနဲ့ မင်းသမီးကို အရည်အချင်း မမီသေးဘူးထင်ရင် ကိုယ်တိုင် သင်ပေးကြည့်ရင်ရော”

အကြီးအကဲမိုယွမ်မှ သူ့အတွက် ပြောပေးနေ၍ ပိုင်ရိရီလည်း အာတက်သရောဖြစ်လာသည်။

“ကျွန်တော်ကိုယ်တိုင် သင်ရမယ်လား။ ထားလိုက်ပါတော့။ ကျွန်တော့်မှာ အချိန်မရှိဘူးဗျ”

စုရင် ခေါင်းယမ်း၍ ပြောလိုက်၏။

သူ မသင်ပေးချင်၍ မဟုတ်ဘဲ တကယ် အချိန်မရှိ၍ ဖြစ်ပါသည်။ ရှိသည့်အချိန်မှာလည်း သူ့ကျင့်ကြံမှု တိုးတက်စေရန် စိတ်ဝိညာဉ်စွမ်းအင်များ စုဆောင်းရဦးမည် ဖြစ်၏။

“…”

မိုယွမ်လည်း စွံ့အကာ မင်းသမီးရိရန်ကို လှမ်းကြည့်ပြီးမှ

“ဒီလိုဆိုရင်ရော။ ဆရာဦးလေးအနေနဲ့ အဆင့်မြင့် ဒမ်ဆေးလုံး လုပ်ပေးလို့ ရနိုင်မလားလို့။ ကျွန်တော်မှာ ပစ္စည်းတွေ ရှိပြီးသားပါ။ အဲ့တာဆို ဆရာဦးလေး မရှိလည်း မင်းသမီးအတွက် အန္တရာယ် ထပ်မဖြစ်နိုင်တော့ဘူးပေါ့”

“ဆေးလုံးလား”

စုရင် ရေရွတ်ပြီးနောက် ခေါင်းငြိမ့်ပြကာ

“ရတာပေါ့”

မိုယွမ်နှင့် ရှန်ဖေးတို့မှာ ဆေးဝါးဖော်စပ်ခြင်း နားလည်၍ သုတို့ရှေ့၌ ဆေးဖော်ပါက စိတ်ဝိညာဉ် စွမ်းအင်များ ရနိုင်ပါသည်။ သို့သော် သူ ကြိုပြင်ဆင်ထားရမည်လည်း ရှိ၏။

အဆင့်မြင့် ဆေးလုံးမှာ အလွန်တန်ဖိုးကြီး၍ သာမာန် သစ်သားဖြင့် မပြုလုပ်နိုင်ပါ။ ကူညီသူ လိုအပ်ပါသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now