အပိုင်း 107

165 16 0
                                    

Chapter 107

"ကျွန်တော် ဘာလုပ်ပေးရမလဲ ပြောပါ"

စုရင်က မေးလိုက်သည်။

"ခုနက ဆရာဦးလေး ပစ္စည်းတွေ လုပ်ထားတာတွေ့လို့ပါ။ ပန်းကန်တွေ၊ အိုးတွေလေ။ အဲ့မှာလည်း လက်နက်ဝိညာဉ်ရှိတာ တွေ့တော့ ဒီလက်ကောက်ဝိညာဉ်ကို နှိုးပေးနိုင်မလားလို့ပါ"

စွန်းကျောက် တုန်ရီစွာ ထပ်ပြောလိုက်သည်။

"ရူဖေးကို... နှိုးပေးပါနော်"

"အဲ့တာက..."

စုရင် တွေဝေနေမိ၏။

သူ မကူညီပေးချင်၍ မဟုတ်ဘဲ တစ်ခါမှ မသင်ယူဖူးသောကြောင့် ဖြစ်ပါသည်။

"ဆရာဦးလေး တောင်းပန်ပါတယ်။ ဒါ ကျွန်တော့်ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပါ"

စွန်းကျောက် ဒူးထောက်ချကာ မျက်ရည်များဝဲ၍ ပြောလေ၏။

သူ နှစ်တစ်ရာကျော်အောင် စောင့်ဆိုင်းခဲ့သော်လည်း လက်ကောက်ဝိညာဉ်မှာ မနိုးထလာသေးပေ။ ထို့ကြောင့် စုရင်ကသာ တစ်ခုတည်းသော အားကိုးရာ ဖြစ်နေသည်။

"ကဲ ထပါဗျာ..."

စုရင် သက်ပြင်းချလိုက်သည်။

သူသာ ဒီနေ့ ထိုအဖြေကို မရှာနိုင်လျှင် စွန်းကျောက် တကယ် ပြိုလဲသွားတော့မည် ဖြစ်၏။

သူ ဘယ်တုန်းက သင်ဖူးလဲ။

သူ သင်ဖူးလျှင် မှတ်မိနေရမည်။ သို့သော် ဘာမှ မတွေးမိပေ။

အိုးများ၊ ခွက်များကလည်း အသက်ဝင်နေ၍ ထူးဆန်နေပြန်၏။

"ကျွန်တော် ပစ္စည်းတွေ စလုပ်တုန်းကတော့ ဝိညာဉ် နိုးပါစေတော့ဆိုပြီး တမင် ကြိုးစားခဲ့တာ မဟုတ်ဘူး။ ဒီအတိုင်း ပြီးပြည့်စုံအောင် သေချာတော့ လုပ်ခဲ့တယ်"

သူ အိုးခွက်ပြုလုပ်ခြင်း သင်ယူစဉ်က အဆင့်ဆင့် ပြုလုပ်ရသည်ကို နားမလည်ခဲ့ဘဲ ယခု ပြန်စဉ်းစားကြည့်မှ တာအိုနည်းစဉ်များ ထည့်ထားခြင်း ဖြစ်နိုင်ပါသည်။

ထို့အပြင် ကပ်တွယ်နေသော ဝိညာဉ်၏ နေထိုင်ရန် ကြားကွက်လပ်လည်း ထားပေးရ၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now