အပိုင်း 118

154 14 0
                                    

Chapter 118

ဟန်ဝေ့ တုန်ရီလျက် ကြည့်နေမိ၏။

အမှန်တော့ မင်းသမီးမှာ အသက် (၆) နှစ် အရွယ်ဖြင့် သေမျိုးဘဝ စွန့်လွှတ်ခြင်းအဆင့် ရောက်ပြီး ယန်စီရင်စု၌ အထူးချွန်ဆုံး ဖြစ်ခဲ့လေသည်။ သို့သော် ရုတ်တရက် နာမကျန်းဖြစ်ကာ ကျင့်ကြံမှု မတိုးတက်တော့ဘဲ မနေ့ကလိုအထိ ဖြစ်လာခဲ့၏။

ယခုတော့ ရောဂါကို တွန်းလှန်နိုင်ပြီဖြစ်ကာ ကျင့်ကြံမှု ပြန်လည် လုပ်ဆောင်နိုင်လေပြီ။

“မင်းသမီးက နှစ်ပေါင်းများစွာ မကျင့်ကြံခဲ့ရပေမဲ့ အရင်းအမြစ် အများကြီး သုံးဖူးတော့ အဆင်ပြေမှာ”

မိုယွမ်က ပြောလိုက်သည်။

သူတို့ စကားပြောနေစဉ် (၂) နာရီအတွင်း အရှင်သခင်အဆင့်အထိ တိုးတက်သွားလေပြီ။

အသက် (၁၇) နှစ်ဖြင့် ထိုအဆင့် ရောက်နိုင်ခြင်းမှာ ပါရမီရှင်များထဲမှတစ်ဦးဟု သတ်မှတ်နိုင်လေသည်။

“ကျွန်မ…”

များပြား အင်အားကြီးသော စွမ်းအင်များ အဆက်မပြတ် စုပ်ယူရင်း ပိုင်ရိရီ မျက်ရည်များ ကျလာ၏။

နှစ်ပေါင်းများစွာ မရဏတရားကို အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက် ယခုလို ကျန်းမာစွာ ကျင့်ကြံနိုင်၍ စိတ်ခံစားချက်များ ထိန်းချုပ်မရ ဖြစ်နေသည်။

“ခဏလောက် တစ်ယောက်တည်း ပေးနေရအောင်”

မိုယွမ် သက်ပြင်းချ၍ ဟန်ဝေ့ကို ခေါ်ထုတ်လာခဲ့သည်။

ပိုင်ရိရီ ဝအောင် ငိုပြီးနောက် မျက်လုံးလေး အရောင်လက်ကာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

“င့ါဘဝကို ပြန်ရှင်သန်အောင် လုပ်ပေးတာ သူပဲ။ ဒီလိုလုပ်ရမယ်”

အင်မော်တယ် လေကျင့်ရေးအဆောက်အအုံ၌။

စုရင် သူ့တိရစ္ဆာန်များကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေသည်။

အရင်က ထိုတိရစ္ဆာန်များမှာ နတ်ဆိုးစွမ်းအင်မရှိ၊ ကျင့်ကြံမှုမရှိသော်လည်း ယခုတော့ အရှင်သခင်အဆင့် သိမ်းငှက်ကိုပင် အလွယ်တကူ တိုက်ခိုက်နိုင်နေသည်။ တစ်ခုခုတော့ လွဲနေလေပြီ။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now