အပိုင်း 116

155 13 0
                                    

Chapter 116

“နတ်ဆိုးဘုရင်တုန်းကလို မကောင်းတဲ့သူဆို ခုတ်ပစ်တာ အေးတာပေါ့။ ဒါပေမဲ့ သခင့် တိရစ္ဆာန်အသစ်ဆိုတော့ သခင်သိသွားရင် ပြဿနာ တက်နိုင်တယ်မလား”

ကြက်တူရွေးမှ ခေါင်းယမ်းကာ ပြောလိုက်သည်။

မြည်းနှင့် ကြက်တူရွေးလည်း တိတ်ဆိတ်နေ၏။

“ဒါဆို ဘယ်လိုလုပ်ကြမလဲ”

“သခင့်ကို အမှန်အတိုင်း ဝန်ခံကြတာပေါ့။ သူကစပြီး လိပ်ကြီးနဲ့ ပြိုင်ချင်တယ်ပြောတာလေ။ ဘာမှ မဖြစ်လောက်ပါဘူး။ အဆိုးဆုံး အဆူခံရရုံပေါ့”

အားလုံး သဘောတူလိုက်ကြ၏။

စုရင်မှာတော့ အပြင်က ပြောင်းလဲမှုများကို သတိမထားမိသေးပါ။

အခန်းထဲတွင်ထိုင်၍ အင်အားကို လေ့လာနေ၏။
သို့သော် အင်အားကို ကောင်းစွာ နားမလည်သေးဘဲ ရှိလေ၏။

အချိန်အတော်ကြာ စဉ်းစားပြီးနောက်

“ထားပါ။ နောက်မှပဲ ဆက်တွေးတာပေါ့”

ထို့နောက် ခုနက ရလာသော စိတ်ဝိညာဉ်ချီဆေးအား ပြန်ကြည့်နေသည်။

မကြာမီ ချီစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာတော့၏။

ထို့ကြောင့် စွမ်းအင်ကို အမြန် ထိန်းချုပ်ကာ ပေါင်းစည်းရန် ကြိုးစားကြည့်လိုက်သည်။ သို့သော် စွမ်းအင်များမှာ မပေါင်းစည်းဘဲ ပြန်ကန်ထွက်နေလေသည်။

“ဘာဖြစ်တာလဲ”

စုရင် မျက်မှောင်ကြုတ်နေမိ၏။

ဘာလို့အခုမှ မပေါင်းနိုင်ပြန်တာလဲ။

“နေ့လယ်က စွန်းကျောက် တစ်ခုခုကို နားလည်သွားတော့ အဲ့တာနဲ့များ ဆိုင်နေလား”

သူ နေ့လယ်က ကိစ္စများအား ပြန်တွေးနေလေ၏။

ဒုန်း ဒုန်း ဒုန်း!

ထိုစဉ် တံခါးခေါက်သံ ထွက်လာ၏။

“သခင် ကျွန်တော် ရှောင်းဝူပါ။ တာဟေးနဲ့ လောက်မိန်လည်း ပါတယ်။ ကျွန်တော်တို့ တောင်းပန်စရာလေး ရှိလို့ပါ”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now