အပိုင်း 115

161 13 0
                                    

Chapter 115

တဖြည်းဖြည်း သူ့အမူအရာ ပြောင်းသွားပြီး ဆေးရနံ့မှာ ပိုပြင်းထန်လာသည်။

အခန်းထဲရှိ ပန်းပင်မှာလည်း ဆေးရနံ့ကြောင့် အဖူးသစ်များ ထွက်လာပြီး မိုယွမ်တို့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ သက်သာသလို ခံစားရသည်။ ဆေးရနံ့ဖြင့်ပင် အားလုံးကို အကျိုးရှိစေလေသည်။

တကယ် ကောင်းကင်ရဲ့ အလိုမကျစရာပဲ။

“မြန်မြန်ဖမ်းကြ။ မဟုတ်ရင် စိတ်ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းပြီး ပျောက်သွားလိမ့်မယ်”

မိုယွမ်မှ ဆေးများကို လှမ်းယူရင်း ပြောလိုက်သည်။

ထိုဆေးများမှာ မိုးကြိုးပင် မထိခိုက်နိုင်သော အဆင့်မြင့်ဆေးဖြစ်၏။

သို့သော် ဆေးများ၏ အရှိန်အဝါကြောင့် မိုယွမ် လွင့်ထွက်သွားလေ၏။

အဟွတ်!

သွေးများလည်း အန်နေသည်။

အမွေခံအဆင့်တစ်ဦးမှာ ဆေးအရှိန်ကြောင့် ဤမျှ ခံစားနေရလေသည်။

“ကျွန်တော်…”

သူ ဒဏ်ရာရသွား၍ ရှန်ဖေးမှ ကူညီရန် ပြေးလာ၏။ သို့သော် သူ့ကျင့်ကြံမှုမှာ အရှင်သခင်အဆင့်ပင် မရောက်သေးသောကြောင့် ထပ်မံ လွင့်ထွက်ကာ နံရံနှင့် တိုက်မိပြီး ဒဏ်ရာ ပြင်းထန်စွာ ရသွားတော့သည်။

“သွားပြီ…”

မိုယွမ် လက်သီးဆုပ်လျက် ရေရွတ်မိ၏။

အဆင့်မြင့်ဆေးမှာ ဖော်စပ်ရအလွန်ခက်ပြီး ယခုလို ဆုံးရှုံးလိုက်ရလျှင် အရှက်ရပေတော့မည်။ 

ထိုစဉ် တည်ငြိမ်သောအသံတစ်ခု ထွက်လာသည်။

“ပေါက်ကရ လုပ်မနေနဲ့။ ပန်းကန်လုံးထဲ ပြန်လာတော့”

ဝှစ်!

ထိုစကားလေးကြောင့် အင်အားကြီးသော ဆေးများမှာ ချက်ချင်း ပန်းကန်လုံးထဲ ဝင်လာတော့သည်။

မိုယွမ်နှင့် ရှန်ဖေးတို့ မှင်တက်ရပြန်၏။

ဆရာဦးလေးမှာ ခွက်ကို အသာယူ၍ သူတို့ကို ကမ်းပေးလိုက်ပြီး

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now