အပိုင်း 98

167 12 0
                                    

Chapter 98

သူ့စကားကြောင့် မိုယွမ်တို့ လန့်သွားကြလေသည်။ စစ်သူကြီး ဟန်ဝေ့လည်း တဆတ်ဆတ် တုန်ရီနေ၏။

သူတို့လည်း အင်အားမနည်းသော်လည်း လူငယ်လေး၏ အင်အားကိုတော့ မယှဉ်နိုင်ပါ။

"ကျွန်တော်ပါ"

ဟန်ဝေ့ အံကြိတ်ကာ ပြောလိုက်သည်။

"မင်းသမီး မနေ့ညက မေ့လဲတယ်လို့ကြားလို့ ဘုရင်ကြီး ထည့်ပေးလိုက်တဲ့ အသက်ကယ်ဆေး တိုက်လိုက်တာပါ"

ထိုဆေးမှာ သေသူကို ကယ်ခြင်းထက် အားဆေးနှင့် ပိုတူပါသည်။

ကျင့်ကြံသူဖြစ်စေ၊ သာမာန်လူဖြစ်စေ အလွန် အကျိုးရှိလေ၏။

"မဟုတ်တာတွေ"

စုရင် ဒေါသတကြီးဖြင့်

"သူ့အသက်သွေးအားက နည်းနေတယ်လေ။ ဆေးသောက်တာတော့ ကိစ္စမရှိပေမဲ့ မနေ့က အခြေအနေဆိုးဆိုး ဖြစ်ခဲ့တော့ ခန္ဓာကိုယ်က အကန့်အသတ် ရောက်နေပြီ။ မီးအိမ်ကို မီးစာထည့်ပေးလိုက်သလိုပဲ။ တစ်ချိန်လုံး လောင်နေမှာ။ အဲ့လိုနဲ့ မီးငြိမ်းသွားရင်ရော သေအောင် လုပ်မလို့လား"

"မို့ကိုတော့ မေးပါသေးတယ်။ သူကလည်း ရတယ်ဆိုလို့"

ဟန်ဝေ့မှာ ဖိအားကို မခံစားနိုင်တော့သည့်နှယ် အသံမှာ တဖြည်းဖြည်း အားလျော့လာ၏။

"မင်းသမီးလည်း နည်းနည်း သက်သာပြီဆိုတော့ အဆင်ပြေမယ် ထင်လို့ပါ"

မိုယွမ် ပြန်ရှင်းပြလိုက်သည်။

ထိုဆေးမှာ အင်အားကြီးသော်လည်း စွမ်းအင်တိုးဆေးလောက် မပြင်းပါ။

အားနည်းသူပင် သောက်နိုင်သောကြောင့် မင်းသမီးလည်း ပြဿနာမရှိဟု ထင်ပါသည်။
"အဆင်ပြေတယ်တဲ့လား"

စုရင် နှာခေါင်းရှုံ့လျကိ

"သူ့ခန္ဓာကိုယ်က ကောင်းနေလို့ နိုးလာတာ မဟုတ်ဘူးလေ။ အသက်ကို ဆွဲဆန့်ထားရုံပဲ ရှိသေးတယ်။ ပုံမှန်လူလောက် ထင်ရပေမဲ့ အမှန်တော့ ခန္ဓာကိုယ် အခြေအနေကို ထိန်းညှိရဦးမှာ။ မဟုတ်ရင် နှစ်နာရီတောင် ခံမှာမဟုတ်ဘူး"

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now