chapter 2
179 18 0
အခန်း ၂: ရုတ်တရက်ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်ခြင်း! ၂
နောက်တော့ သူ့ဖုန်းမှအချိန်ကိုကြည့်လိုက်သည်။ ဂိမ်းထဲမှအချိန်စီးဆင်းပုံမှာ သူဝင်လာသည်နှင့် ပုံမှန်အတိုင်းဖြစ်သွားသည်။
ထို့နောက် ချင်လင်သည် တစ်ခုခုကိုသတိရသွားပြီး သူ့စိတ်ထဲမှမြင်ကွင်းကို အလျင်စလိုကြည့်လိုက်သည်။
သူပြန်မသွားနိုင်ခဲ့ရင် သူ့အမေစိတ်ပူနေတော့မလား?
သို့သော် သူ့စိတ်ထဲမှမြင်ကွင်းမှာ ဟင်းသီးဟင်းရွက်ဆိုင်အဖြစ်ပြောင်းလဲသွားပြီး အချက်ပေးသံလည်းပြောင်းသွား၏: အပြင်ထွက်ချင်ပါသလား?
လုံးဝလွတ်လွတ်လပ်လပ် ဝင်လို့ထွက်လို့ရတာပဲ။
ချင်လင်က တိတ်တဆိတ်ထွက်လာလိုက်သည်။ အထူးဆွဲငင်ခံလိုက်ရသည့်ခံစားချက်မျိုးထပ်ဖြစ်သွားပြီး သူ့ဟင်းသီးဟင်းရွက်ဆိုင်လေးထဲသို့ ဖရဲသီးပိုက်လျက်သားပြန်ရောက်သွား၏။
အမှန်တကယ်ဟုတ်မဟုတ်စမ်းသပ်ရန် ဓားတစ်ချောင်းယူပြီး စဉ်းတီတုံးပေါ်တွင် ဖရဲသီးကိုထက်ပိုင်းပိုင်းချလိုက်သည်။ နီရဲနေသောဖရဲသီးအတွင်းသားပေါ်လာပြီး အစေ့လုံးဝမပါချေ။
ဒါဖရဲသီးအစစ်ပဲ!
ချင်လင်က ဖရဲသီးတစ်ခြမ်းကိုယူ၍ အစိတ်လေးများစိတ်လိုက်သည်။ တစ်စိတ်ကောက်ပြီးမြည်းကြည့်ချင်သော်လည်း တစ်စုံတရာဖြစ်မှာစိုးနေသည်။ ဘာပဲဖြစ်ဖြစ် ဒီဖရဲသီးကမယုံနိုင်စရာပင်။
ဆိုင်ဝင်ပေါက်ကိုရောက်သောအခါ အမှိုက်ပုံးရှေ့တွင်ဝေ့လည်ဝေ့လည်နှင့် ညစ်ပတ်ပေရေနေသောခွေးနက်တစ်ကောင်ကိုတွေ့လိုက်ရသည်။
စျေးထဲတွင်အစာရှာရလွယ်သောကြောင့် လမ်းဘေးခွေးများကိုမကြာခဏတွေ့ရ၏။ သက်ဆိုင်ရာဌာနက တစ်ကောင်ဖမ်းသွားလျှင်တောင် များမကြာမီ နောက်အကောင်များထပ်ရောက်လာလိမ့်မည်။
စိတ်ကူးပေါက်ပြီး ခွေးမွေးမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ကြတဲ့လူတွေလည်း မနည်းမနော။
ချင်လင်က ဖရဲသီးတစ်စိတ်ကိုလှမ်းပစ်လိုက်သည်။ ခွေးနက်က ချက်ချင်းရှေ့တိုးကာခုန်အုပ်ပြီး သူ့လက်သည်းများနှင့်ဖိထားလိုက်၏။ ထို့နောက် ဟိုကြည့်သည်ကြည့်လုပ်ပြီး ဘာမှမထူးခြားတော့မှ စားရန်ခေါင်းငုံ့လိုက်သည်။