chapter 27
130 9 0
အခန်း ၂၇: အကြွေးမရှိမှစိတ်အေးရမှာ! လင်းဖန်၏သောက!
မကြာမီ_
ကားတန်းက စံအိမ်ဆီရောက်လာသည်။
သို့သော်ထိုကားကြီးမှာ စံအိမ်၏ကားပါကင်တွင်သာထိုးနိုင်သည်။ အထဲသို့မောင်းမဝင်နိုင်ပေ။
ချင်လင်က သူ့ကားကိုပါကင်ထိုးလိုက်သည်။ ဝမ်ချိုင်က ကားထဲမှခုန်ထွက်လိုက်ပြီး သူ့နောက်မှကပ်လိုက်လာ၏။
လူကြီးမင်းချင် ကျွန်တော်တို့ ဒါတွေကို ဒီကားပါကင်မှာပဲချရမှာလား? ကျောက်လီယွမ်က ရှေ့ထွက်လာပြီးမေးလိုက်သည်။
ဟုတ်တယ် ဒီမှာပဲချကြမယ်' ချင်လင်က ခေါင်းညိမ့်လိုက်သည်။ သူတို့ချနိုင်တာဆိုလို့ ဒီနေရာပဲရှိတာလေ။
ကျောက်လီယွမ်က လူခေါ်ပြီးကုန်ချစေလိုက်၏။ ကုန်ချစရိတ်ကို သီးသန့်တွက်ချက်သည်။ သူတို့မလာခင် အွန်လိုင်းစာချုပ်ချုပ်ပြီးဖြစ်၏။
ချင်လင်က စံအိမ်ထဲလမ်းလျှောက်ဝင်လာလိုက်သည်။
ဝမ်ချိုင်ကနှစ်ကြိမ်ဟောင်လိုက်ပြီး အလျင်စလိုနောက်မှလိုက်လာသည်။ လမ်းတလျှောက်တွင် သူကဘေးပတ်လည်ကိုကြည့်လိုက်ဟောင်လိုက်နှင့် ပတ်ဝန်းကျင်သစ်ကိုစူးစမ်းနေ၏။
ထိုပုံစံကို ချင်လင်မြင်သည်နှင့်ပြုံးရင်း_ ဝမ်ချိုင် အခုအချိန်ကစပြီး မင်းရဲ့နယ်မြေဖြစ်သွားပြီ ပျော်လား?
ဝမ်ချိုင်က သူ့သခင်၏စကားကိုနားလည်ပုံနှင့် နှစ်ကြိမ်ဟောင်ပြီး ရုတ်တရက်ပြေးလိုက်သည်။ လမ်းတွင်လည်း အချို့အပင်များကို နှာခေါင်းတရှုံ့ရှုံနှင့် အနံ့ခံကြည့်၏။ ပြီးလျှင် ခြေထောက်မြောက်ပြီး သေးပန်းသည်။
ချင်လင်က သူ့ခွေး၏အပြုအမူကို အံ့အားသင့်စွာကြည့်နေမိသည်။ သူ့နယ်မြေကို ဒီနည်းနဲ့သတ်မှတ်တာလား?
စံအိမ်ထဲတွင်_
ကောင်းယောင်ယောင်အပြင် လူတချို့လည်းရောက်နေကြပြီ။ သူတို့အားလုံးမှာ ဝန်ထမ်းဟောင်းများဖြစ်ကြ၏။ သူတို့က ကောင်းယောင်ယောင်၏အသိပေးစာကို မနေ့ကရရှိပြီးနောက် စောင့်နေကြခြင်းဖြစ်သည်။