အခန်း ၁၇: သဘာဝစားသောက်ကုန်များ! သြချလောက်စရာအာနိသင်!
ကျန်သည့်အချိန်များ၌ ချင်လင်က ဂိမ်းဇာတ်ကောင်ကိုမြစ်တွင်ငါးမြှားခိုင်းထားလိုက်သည်။ အချိန်နှင့်အမျှ အသိပေးစာများလည်းဝင်လာ၏။
(သင်သဘာဝငါးကြင်းနက်တစ်ကောင်ဖမ်းမိပါသည် - အရည်အသွေး ၁)
(သင်သဘာဝငါးကြင်းစိမ်းတစ်ကောင်ဖမ်းမိပါသည် - အရည်အသွေး ၁)
(သင်သဘာဝကကတစ်ငါးတစ်ကောင်ဖမ်းမိပါသည် - အရည်အသွေး ၁)
အစပိုင်းတွင် ချင်လင်ကဂိမ်းဇာတ်ကောင်ကိုထိန်းပြီး တခဏချင်းလိုလိုငါးတစ်ကောင်ဖမ်းမိသည်။
ထိုနှုန်းအတိုင်းဆိုလျှင် နေ့လယ်တွင်ငါးအကောင်ရာချီဖမ်းမိနိုင်၏။
စိတ်ကူးကောင်းသော်လည်း လက်တွေ့မှာမူ နည်းနည်းခါးသည်။ အချိန်ကြာလာသည်နှင့်အမျှ ငါးဖမ်းမိဖို့ကပိုကြာလာ၏။
ငါးအကောင်(၃၀)ကျော်ဖမ်းမိသောအခါ ဂိမ်းထဲတွင်အသိပေးစာပေါ်လာသည်:
(မြစ်ထဲတွင် ငါးရှိပုံမပေါ်တော့ပါ။ အသစ်ပြန်လည်စတင်သည့်အချိန်ကိုစောင့်ပါ!)
''???'' ချင်လင်က အတွန့်တက်လိုက်သည်။
ဂိမ်းပဲလေ။ ဘာလို့အရမ်းအတည်ကြီးလုပ်နေတာလဲ? ကစားတဲ့သူတွေကို အကန့်အသတ်မရှိခွင့်ပြုပေးလို့မရဘူးလား?
ဒါက ကစားတဲ့အတွေ့အကြုံကို တကယ်ထိခိုက်တာပဲ။
ငါးထပ်မရနိုင်တော့မှန်းသိ၍ ချင်လင်ကဂိမ်းဇာတ်ကောင်ကို ငါးမြှားတံနှင့်ငါးစာပြန်သိမ်းစေလိုက်၏။ ထို့နောက် ဆိုင်ကသန့်စင်ခန်းထဲထပ်ဝင်ပြီး ဂိမ်းထဲသို့အတွေးနှင့်ဝင်လိုက်သည်။
သိုလှောင်ခန်းထဲရောက်သောအခါ ရေကန်ထဲတွင် ငါးတစ်အုပ်ကြီးရောက်နှင့်နေပြီ။ ကန်ဘေးတွင် အချက်အလက်များဖော်ပြထားပြီး ငါးအရေအတွက်ကိုလည်း မှတ်တမ်းတင်ထား၏။
သူက စုစုပေါင်းငါး(၃၅)ကောင်ဖမ်းမိပြီး (၁၅)ကောင်မှာ သဘာဝကကတစ်ငါး၊ (၁၀)ကောင်မှာ ငါးကြင်းစိမ်းဖြစ်ပြီး ကျန်(၁၀)ကောင်မှာ ငါးကြင်းနက်များဖြစ်သည်။
YOU ARE READING
Fantasiငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...