chapter55
60 3 0
အခန်း ၅၅: ချင်လင်က ဒီစံအိမ်ရဲ့သူဌေး!
''ဟုတ်ပါပြီ... ခင်ဗျားဒီကိုလာလည်တာလေ... လျှောက်မပြောနဲ့တော့'' ကျောက်မိုယွင်က ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်သည်။
အမှန်အတိုင်းဆိုရလျှင် သူလျိုဟွာကိုလုံးဝဂရုမစိုက်ပေ။ သူကဆေးလိပ်ရုံတစ်ခုဖွင့်ထားပြီး ဝင်ငွေသိပ်မရသေးသော်လည်း သူ့ကိုယ်သူတော့မမြင်ရှာ။
သူကပိုက်ဆံချေးသူများနှင့်သာအဆက်အသွယ်ရှိပြီး တစ်နေကုန် POSS စက်များကိုသုံးသည်။ စားဖို့သောက်ဖို့နှင့်လည်ပတ်ဖို့လောက်သာ သိသောသူဖြစ်၏။ ဒီလိုလူမျိုးက ပေါ့ပေါ့နေပေါ့ပေါ့စားပင်။ ပြဿနာလည်းဖြစ်လွယ်သည်။ သူ့မျက်စိထဲတွင်တော့ ချင်လင်ထက်နိမ့်ကျလေသည်။
အနည်းဆုံးတော့ချင်လင်က အလုပ်ကြိုးစားပြီး စိတ်ချရသေး၏!
သို့သော်တစ်ဖက်လူမှာ သူ့ဇနီး၏အခင်ဆုံးသူငယ်ချင်းဖြစ်သည်နှင့် သူကဘာမှမပြောတော့ချေ။ အိမ်ပြန်ရောက်လျှင်သူ့ဇနီးကို ဒီအခင်ဆုံးသူငယ်ချင်းနှင့်မပတ်သက်ဖို့ သတိပေးရပေဦးမည်။
လူတွေက ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကို အလွယ်တကူခံရတတ်သည်။ သူ့ဇနီးနှင့်သူ့အခင်ဆုံးသူငယ်ချင်းမှာ ယခုအဆင်ပြေသေးသော်လည်း ဒီလိုကောင်လေးမျိုးနှင့်ဆိုလျှင် သူတို့တန်ဖိုးမှာ အချိန်နှင့်အမျှတဖြည်းဖြည်းတူသွားလိမ့်မည်။
အခိုက်အတန့်လေးတွေက အရေးကြီး၏။
ဆက်စပ်ကြည့်လျှင် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တတ်သည်။
ကျောက်မိုယွင်၏စကားကိုကြားလျှင် တစ်ဖွဲ့လုံးမှာ ထိုအကြောင်းမပြောကြတော့ဘဲ တောင်တန်းစံအိမ်ဆီတန်းသွားလိုက်ကြ၏။
စံအိမ်ထဲဝင်ပြီးနောက် လီကျားဝမ်က ကျောက်မိုချင်းကို ဟန်ဝတ်စုံဝတ်ထားသောမိန်းကလေးတစ်ဦးနှင့်အတူလျှောက်လာသည်ကိုမြင်ပြီး အံ့အားသင့်၍လှမ်းအော်လိုက်သည်_ ''မိုချင်း''
ကျောက်မိုချင်းမှာ ပန်းပင်လယ်မှကောင်းယောင်ယောင်နှင့်အတူပြန်လာစဉ် သူ့အစ်ကို၊ယောက်မတို့နှင့်ဆုံလေသည်။ သူမကချက်ချင်းပြေးသွားပြီး နှုတ်ဆက်လိုက်၏_ ''အစ်ကို ယောက်မ... ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ?''