chapter 28
109 7 0
အခန်း ၂၈: စိတ်သက်သာခြင်း! တစ်စုံတစ်ယောက်ရဲ့ကလေးဖြစ်လာခြင်း!
လင်းဖန်ကသက်ပြင်းချပြီး ချင်လင်အား_ အဲဒါဖွင့်တဲ့အခါ ငါ့ကိုသွားခွင့်ပေးဖို့သတိရဦး ဧည့်သည်တွေကိုကူနှုတ်ဆက်ပေးမယ်' ဟု သတိပေးလိုက်၏။
ချင်လင်ကချက်ချင်းပင်_ အမေ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဧည့်ခံခိုင်းရမှာလဲ?
လင်းဖန်က စိတ်မချမ်းသာစွာနှင့်_ ငါကကျန်းမာရေးမကောင်းဘူးဆိုပေမဲ့ ငါ့သားရဲ့စီးပွားရေးအတွက်တော့ ဝမ်းသာတယ်လေ'
အမေ ကျွန်တော်ပြီးရင် ပန်းကန်တွေဆေးလိုက်မယ်! လင်းဖန်၏စကားတို့ကိုကြားသည့်အခါ ချင်လင်ပြုံးမိလိုက်သည်။ သူ့အမေရှိတာကောင်းလိုက်တာ။
ညစာစားပြီးနောက် ချင်လင်ကပန်းကန်များကိုသိမ်းပြီး မီးဖိုချောင်ထဲသို့ဆေးရန်ယူသွားလိုက်သည်။
လင်းဖန်က အလုပ်များနေတဲ့သူ့သားကိုကြည့်ရင်း သက်ပြင်းချမိပြန်သည်။ သူ့သားက ငယ်ငယ်ကတည်းက သိတတ်သည်။ သူ့အရွယ်ကလေးများနှင့်ယှဉ်လျှင် ဘာမှသိပ်စိတ်မပူရ။ ဒါမိဘများဖြစ်သည့် သူတို့အပြစ်ပင်။
ပန်းကန်များဆေးပြီးလျှင် ချင်လင်က အကြွေးရှင်များကိုသတိရပြီး သတိပေးလိုက်သည်_ အမေ ကျွန်တော် ဦးလေးအ့ာကန်းတို့ကို ဖိတ်ထားတယ် သူတို့မကြာခင်
လင်းဖန်က အံ့အားသင့်သွား၏။ သူမတစ်ခုခုပြောမည်ပြုစဉ် တံခါးမှခေါင်းလောင်းမြည်လာ၏။ သူမက တံခါးကိုအလျင်စလိုဖွင့်ကာ အပြင်ဘက်ကလူကို ခါးခါးသီးသီးကြည့်လိုက်ရင်း_ အာ့ကန်း မင်းဒီရောက်လာတယ်?
တစ်ဖက်လူက သူတို့မိသားစုရဲ့အကြွေးရှင်လေ။ အကြွေးက ယွမ် ၃၀၀၀၀ တင်နေသည်။
အခုအချိန်တွင် သူမအကြောက်ဆုံးက ထိုအကြွေးရှင်များပင်။ သူမမိသားစုမှာ ပြန်ဆပ်စရာငွေ တကယ်မရှိပါချေ။
မရီးလင်းဖန်' အာ့ကန်းက လင်းဖန်ကိုနှုတ်ဆက်လိုက်ရင်း_ လင်ဇီပြန်လာပြီလား?
ရှောင်လင် မင်းဦးလေးအာ့ကန်းရောက်နေတယ်' လင်းဖန်ကဘယ်လိုပဲခံစားနေရပါစေ၊ အိမ်ထဲတော့ဖိတ်ခေါ်လိုက်၏။